“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Monday, September 17, 2012

ဖေဖေ နဲ့ မေမေ

လူသားအားလုံးတို့၏ အဖေ

* ဖေချစ်တို့ ဖေခင်တို့ ဆိုတာ ရှိတော့ ရှိတယ် ရှားတယ်ဆိုတာမျိုးလိုပါ ။
* အလုပ်မှာ တစ်နေကုန်နေရတော့ အဖေ့ကို နေ့စဉ် ရင်ခွင်ပိုက် နို့ချိုတိုက်ခဲ့တဲ့ အမေ့လောက်တော့ ချစ်အားမပိုတာ ဓမ္မတာ ဖြစ်နိုင်ပါတယ် ။
* အဖေဆိုတာလည်း သားသမီးကို ချစ်လျက်နဲ့ ကြောက်အောင် နေပြရတဲ့ ဖန်တီးရှင်မဟုတ်ပါလား ။
* ဒါပေမဲ့ အဖေသာ ရှင်ဘုရင်ကြီးဖြစ်ခဲ့ရင် သားသမီးတွေဟာ အိမ်ရှေ့စံမင်းသား ၊ မင်းသမီးလေးတွေ ဖြစ်လာနိုင်တာပေါ့ ။
* အဖေက ချမ်းသာကြွယ်ဝပြန်တော့လဲ သူဌေးသားသမီးတွေ ဖြစ်ပြန်တာပဲ မဟုတ်လား ။
* အဖေက ကုသိုလ်ရဖို့ ၊ ပညာရဖို့ ၊ ငွေရဖို့ မိသားစုတာဝန်ကျေဖို့ အလုပ်လုပ်နေတာပါ ။
* ဆူးမွေ့ယာလဲ မအိပ်ခဲ့ ၊ ပန်းမွေ့ယာလဲ မစံခဲ့ရပေမဲ့ မငြီးရှာ နှီးဖြာလေးပေါ်က မိသားစုသိုက်မြုံလေးကိုတော့ အဖေ့ဦးနှောက်နဲ့ ကြွက်သားတွေပေါ်မှာ သာယာဖူလုံမှုများနဲ့ လွမ်းခြုံနေနွေးထွေးစေပါတယ် ….။
* ဖောက်ပြန်မှုကင်းမဲ့စွာနဲ့ နှစ်ကိုယ်ပေါင်းတစ်စိတ် နှစ်ယောက်ပေါင်းတစ်ဘ၀ဇြစ်အောင် မေတ္တာတွေ အစဉ်အပိုင်ပေးပြီး အမေ့အတွက်နားလည်မှုအရှိဆုံးဟာ အဖေရယ်ပါ ..။
* အိမ်နီးချင်းဆိုတာ ကလေးချင်းကြောင့် မိန်းမချင်းကြောင့် ခြံမြေတွေကြောင့် စကားများတတ်တယ်ဆိုတဲ့ အဖေ့စကား မိသားစုတိုင်း အလွန်မှတ်သားလိုက်နာသင့်တဲ့ အချက်တွေပါ ..။
* သောက်တယ်ဆိုတာ " အိမ်ထောင်ရေး ၊ စီးပွားရေး ၊ ကျန်းမာရေး ၊ လူမှုရေးတွေကြောင့် မပျက်စီးစေရဘူး " ဆိုတာ အဖေ့နီတိ ( လမ်းညွန်) ပါ …။
* အဖေဟာ အလှချစ် ဓနအချစ်မပါ မေတ္တာချစ်သက်သက်နဲ့သာ အိမ်ထောင်ရေးကို တည်ထောင်ထားသူပါ …။
* ဒါကြောင့် အဖေ့မိသားစုဟာ ငွေမချမ်းပေမယ့် စိတ်ချမ်းသာတဲ့ လူတန်းစားမှာတော့ ထိပ်ဆုံးကပါ …။
*ကြွေးဟောင်းလဲဆပ် ကြွေးသစ်ထပ် နှစ်ရပ်တာဝန် ကျေပွန်ခဲ့တဲ့ အဖေ …။
* သားသမီးဆန်းသမျှ နွမ်းလှတဲ့ အ၀တ်လေးတွေနဲ့ တင့်တယ်နေတဲ့ အဖေ …။
* သားသမီးကို ပခုံးပေါ်တင် ဆံပင်ကိုကိုင်စေပြီး စတိုင်ကျကျ ပွဲပြခဲ့ဘူးတဲ့ အဖေ …။
* သားသမီးအတွက်ဆို အသာမစံ အနာသာခံ သက်သက်ဟာ အဖေလို မိဘတွေမှလွဲလို့ အခြားမရှိ..။
* ရေချိုးတော့ချမ်း အဖေ့ပုဆိုးကြမ်းလေးနဲ့ နွေးထွေးခဲ့ဘူးတယ် …။
* အဖေက ကောင်းစေချင်လို့ ဆုံးမသမျှ အသားနာစေခဲ့ပေမဲ့ ဘ၀မနာစေရပါဘူး …။
* ခုတော့ အဖေ့မှာ ခေတ်ဆန်ပညာတတ်သားသမီးတွေကြား ရှေးရိုးအဘိုးကြီးဖြစ်ခဲ့ရပြါ ပီ …။
* ရွေပုံ ငွေပုံဘေးမှာ မြေးကိုထိန်း ပေးတာယူ ကျွေးတာစား လှိုင်သောအပြုံးစကားများနဲ့ နှောလို့ အားနာနေတာလား အားငယ်နေတာလား ..အဖေရယ် …..။
* အဖေ…..ရေ ခေါ်လို့ ထူးမည့်သူမရှိတဲ့ တစ်နေ့မှာ အဖေ့ပုံရိပ်တွေက လှိုင်သောအပြုံးစကားများနဲ့ စောင့်ရှောက်ပေးနေဦးမှာပါ ….။
* ဒီလောကကြီးထဲမှာ အဖေနဲ့ တူတဲ့ အဖေမျိုးတွေတဖြုတ်ဖြုတ်ကြွေလွင့်သွားကြရင်ေ တာင် များများကြီး ရှိရှိလာနိုင်ပါစေလို့ ဆုတောင်းလျှက်…………….



လူသားအားလုံးတို့၏ အမေ

* အမေ့ အင်္ကျီက ချွေးနံ့လေးတွေက အကျော်ကြားဆုံးဆိုတဲ့ ရေမွှေးတွေထက် သင်းပျံ့ပါတယ် ..။
* သူများတွေ ဘယ်လောက်ချောချော အကျဉ်းတန်တဲ့ ကိုယ့်သားသမီးလေးကို ပိုချစ်တာ အမေပါ ..။
* အမေအော်သမျှ ငေါက်သမျှတွေဟာ ကောင်းစေ တော်စေ ကျော်စေချင်တဲ့ ဆန္ဒတွေနဲ့ပါ ..။
* သူများချစ်တယ်ဆိုတာ အမေမုန်းသလောက်ပဲ ရှိပါတယ် ..။
* ငယ်စဉ် ကလေးဘ၀ အမေ့ရင်ကို ခြေနဲ့ကန်ခဲ့စဉ်က အမေကတော့ ပြုံးပြုံးလေးနဲ့ ချစ်မြဲချစ်ခဲ့တာပါ ..။
* ကြီးလာတဲ့အခါ အမေက စေတနာနဲ့ မာန်မဲတာကို ကိုယ်က မဲ့ရွဲ့ပြီး
အပြုံးမစွက် အမုန်းဖက်လိုက်ရင် မိုက်မဲရာကျမှာပေါ့ …။
* အမေ့ကို စိတ်ချမ်းသာအောင် ပြုစုခြင်းဟာ ရှိခိုးတာနေတာထက် ပိုပြီးမြတ်ပါတယ် ..။
* အမေဟာ ရုပ်ဆိုးတဲ့ ဆင်းရဲတဲ့ မလိမ္မာတဲ့ ပညာမဲ့တဲ့ သားသမီးတွေရဲ့အပေါ်ကို မေတ္တာ တစ်သီတစ်တန်းကြီး တန်းစီနေတဲ့ မသိစိတ်လေးနဲ့ ပိုပြီး ချစ်တတ်ကြပါတယ် ..။
* ကိုယ့်သားသမီးတွေ လိမ္မာယဉ်ကျေးတာ ချမ်းသာကြွယ်ဝတာ ပညာတတ်ပြီး အပေါင်းအသင်း ၀င်ဆံ့တာမြင်ရပြန်တော့ မနာလို မရှုဆိတ်မရှိပဲ ပီတိတွေဖြစ်ပြီးနေတာ အမေရယ်ပါ ..။
* အမေက ချွေးနဲ့ရင်းပြီးပေးထားတဲ့ ပညာတွေတတ်ကာမှ ခေါင်းပေါင်းကြီးနဲ့
တောသူမကြီးပုံပေါက်နေတဲ့ အမေ့ကို လူကုံထံတွေကြားထဲ အမေနဲ့တူတူ တွဲသွားရတာ ရှက်နေတယ်ဆိုရင် အမေ့ရင်ကို တမြေ့မြေ့လောင်မြိုက်သွားအောင် စော်ကားလိုက်တာနဲ့ အတူတူပါပဲ..။
* အမေဟာ ရိုးရိုးအအကြီးပေမယ့် သားသမီးတွေအပေါ်ထားတဲ့ မေတ္တာ စေတနာ အချစ်တွေဟာ ခြယ်မှုန်းမပြတတ်အောင် ဆန်းကြယ်လှပါတယ် ..။
* ဒါကြောင့် အမေဟာ ဘယ်သူနဲ့မှ မတူအောင် ချစ်ဖို့အလွန်ကောင်းတာပါ …။
* အမေ့ကို မချစ်တတ်သူတွေဟာ ဘယ်သူ့ကိုမှ ချစ်တတ်မှာ မဟုတ်ပါဘူး ..။
* အမေ့လို ချစ်တတ်တဲ့သူ ရှာလို့တွေ့ပေမယ့် အတူတော့ မဖြစ်နိုင်ဘူး … အတုပဲဖြစ်မယ် ..။
* အမေ့ကို ငွေနဲ့ပေးဝယ်ထားရတာ မဟုတ်ပါဘူး …ဒါပေမယ့် ငွေနဲ့ပေးပြီးဝယ်လို့ရတဲ့ အရာတိုင်းဟာ တန်ဖိုးဖြတ်နိုင်ပေမယ့် အမေ့ကိုတော့ ဘာနဲ့မှ တန်ဖိုးဖြတ်လို့ မရပါဘူး ..။
* ငွေရှိရင် ဘာမဆို လုပ်နိုင်တယ်လို့ ယုံကြည်ထားသူတွေဟာ ငွေနဲ့ဆက်လို့မရတဲ့ အရာတွေကို မကြာခဏ ကြုံရတောင် သူတို့သိကြမှာ မဟုတ်ပါဘူး …။
* တစ်နေ့နေ့ ဒီအမေနဲ့ ဒီသားသမီးတွေ ပြန်မလာတော့တဲ့လမ်းကနေ လက်ပြနှုတ်ဆက် အပြီးအပိုင် လမ်းခွဲကြရတော့မှာပါ ..။
* အဲဒီအခါကျမှ အမေ မာန်မဲဆုံးမခဲ့တာ ဆည်းလည်းသံချိုချိုလေးတွေက နားထဲမှာ ပဲ့တင်ထပ်ပြီးဆိုမှ မျက်ရည်စတွေနဲ့ နောင်တအရှည်ကြီးတွေ မရကြပါစေနဲ့ ..။
* အမေအသက်ရှည်ရှည်နဲ့ ကုသိုလ်တရားတွေကို အားပါးတရ ရှာမှီးနိုင်ပါစေ …။
* အဖေကလည်း ဒီသားသမီးတွေကို အမေနဲ့အတူတူ မွေးမြူစောင့်ရှောက်ခဲ့ရတာမို့ အဖေ့ကို အမေနဲ့ ထပ်တူညီမျှ စိတ်ချမ်းသာစေရမှာပါ …။
* အဖေရော အမေပါ တို့သားသမီးတွေကြောင့် ချမ်းမြေ့သာယာစွာ လာခြင်းကောင်းပြန်ခြင်းမြတ်အောင် ပြုစုကြစို့….။

--
www.paysatthulover.co.cc

No comments:

Post a Comment