ဒီနည်းလေးတော့
ကျွန်တော်ကိုယ်တိုင်ကိုယ်တွေ့ပါဗျာ ။ တကယ်မြန်ပါတယ် .... နဂိုကဆို
စောင့်နေရတာ Firefox ကို ဖွင့်ပြီးရင် အနည်းဆုံး
နှစ်မိနစ်သုံးမိနစ်လောက်တောင်ဗျာ ။ စိတ်တော်တော်ပျက်တာ ။ ခုတော့ဗျာ ။
ငါးစကန့်လေးနဲ့တင် သုံးလို့ရနေပြီ ။ ဘယ်လောက်ကောင်းလိုက်တာလဲဗျာ ။
ကျွန်တော့်အတွက်လေ... ။ တကယ်လို့ စာဖတ်သူတို့များ
အဲလိုဖြစ်ခဲ့သည်ရှိသော... ဒီနည်းလေးကို သတိရလိုက်ပါ ။ ခက်လည်း မခက်ပါဘူး ။
Gtalk Account ကို နှစ်ခုဖွင့်လို့ရအောင် လုပ်သလိုမျိုးပါပဲ Target မှာ
စကားလုံးလေး ထည့်လိုက်ရုံတင် ။ စိတ်ဝင်စားတယ်ဆိုရင် လုပ်လိုက်ပါဗျာ ။
အာမခံတယ် တကယ်မြန်တယ် ။ ဒါကျွန်တော်ကိုယ်တိုင် လက်တွေ့မှာ မြန်နေလို့
ပြန်တင်ပေးလိုက်ပါဗျာ ။
ပထမဆုံး မိမိတို့ရဲ့ Desktop ပေါ်က Mozilla ကို Right Clink နဲ့ Properties ကို ရွေးလိုက်ပါဗျာ ။ အများ နားလည်လွယ်အောင် ပုံတွေနဲ့ တင်ပေးပါတယ် ။
Propertiesနိပ်လိုက် သူ့ကို Box တစ်ခုတက်လာမယ်ဗျာ ။ အဲဒီမှာ Targetကို ကြည့်လိုက်ပါ ..Shortcut ကို အရင်တစ်ချက်နိပ်ပေးလိုက်ပါ ။
Target ကို တွေ့တယ် မလား ...အဲဒီမှာ exe''နောက်မှာ space bar တချက်နှိပ်ပြီ့း /prefetch:1 ကို ထည့်ပေးလိုက်ပါ ။
အပေါ်ကို ပုံက ထည့်လိုက်ပြီးဖြစ်တဲ့ပုံပါ ။
ပြီးရင် Apply >>> OK ပေါ့ ။ မြေခွေးလေးကို ဖွင့်ကြည့်လိုက်ပါ ။
မြန်လား မမြန်လားဆိုတာ....
http://koaungmyotun.ning.com/profiles/blog/show?id=2879352%3ABlogPost%3A867531&xgs=1&xg_source=msg_share_post
No comments:
Post a Comment