“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Monday, October 1, 2012

သွေးဖိအားလျော့နည်းစေဖို့ အောက်ပါအစာတွေကို စားပါ

နှလုံးတိုက်ခိုက်ခံရတာနဲ့ လေဖြတ်တာကို ကာကွယ်ဖို့ အကောင်းဆုံး နည်းလမ်းတစ်ခုဟာ မိမိသွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းထားဖို့ပါ။ သင့်ဆရာဝန်က သင်ရဲ့ သွေးဖိအားတွေ မြင့်တက်နေတယ်လို့ ပြောခဲ့ရင် အောက်ပါ နည်းလမ်းသစ်တစ်ခု ဒါမှမဟုတ် တစ်ခုထက် ပိုများတာကို အသုံးပြုပြီး သင်ရဲ့ သွေးဖိအားကို ပုံမှန်အတိုင်း ရောက်အောင် ပြုလုပ်ပါ။
ငရုတ်သီးစပ်စပ်စားပြီး သွေးကြောတွေကို Relax ရအောင် ပြုလုပ်ပါ
မိုးမျှော်ငရုတ်၊ ရွှေငရုတ်လိုမျိုး အလွန်စပ်တဲ့ ငရုတ်သီးတွေကို ကိုက်စားတာကြောင့် သွေးကြောတွေ ပွင့်နိုင်တယ်လို့ အာရှမှ သုတေသီတွေက ဆိုပါတယ်။ နေ့စဉ် ငရုတ်သီးအစပ် စားတာကြောင့် သွေးကြောတွေ ပွင့်သွားပြီး သွေးဖိအား မြင့်တက်မှု ထပ်မံမဖြစ်နိုင်တော့ဘူးလို့ ဆိုပါတယ်။

ရေဖော ဖောတာမှ ကာကွယ်နိုင်အောင် ကြက်သွန်နီစားပါ
နေ့စဉ် ခွက်တစ်ခွက်ရဲ့ သုံးပုံတစ်ပုံစာ ကြက်သွန်နီ (ချက်ပြီးသား ဒါမှမဟုတ် အစိမ်း) စားသုံးတာကြောင့် ငါးပတ်အတွင်း သွေးဖိအား ၂၁ ရာခိုင်နှုန်း ကျဆင်းနိုင်တယ်လို့ စပိန်မှ မကြာခင်က ပြုလုပ်တဲ့ လေ့လာမှုအရ တွေ့ရှိခဲ့ပါတယ်။ ကြက်သွန်နီမှာပါဝင်တဲ့ များစွာသော ကွာစီတင် ဒြပ်ပေါင်းတွေဟာ သဘာဝဆီးဆေးအဖြစ် ပြုမူနိုင်တာကြောင့် ခန္ဓာကိုယ်တွင်း ပိုလျှံနေတဲ့ အရည်နဲ့ ဆားတွေကို အမြန် ဖယ်ရှားနိုင်တာကြောင့် သွေးဖိအား ကျဆင်းနိုင်တယ်လို့ ဆိုပါတယ်။

သွေးဖိအား တည်ငြိမ်မှုရှိအောင် နွားနို့သောက်ပေးပါ
နွားနို့မှာ ပါဝင်တဲ့ ကယ်လ်စီယမ်ဓာတ်ဟာ အာရုံကြောစနစ်ကို Relax ရရှိစေတာကြောင့် စိတ်ဖိစီးမှုများတဲ့ အချိန်တွေမှာ သွေးဖိအား မြင့်တက်မှုမရှိအောင် ကာကွယ်နိုင်ပါတယ်။ နေ့စဉ် နွားနို့နှစ်ခွက် သောက်တာကြောင့် ရှစ်ပတ်အတွင်း သွေးဖိအားအမှတ် ခြောက်မှတ် ကျဆင်းနိုင်တယ်လို့ တန်နီးဆီးတက္ကသိုလ်မှ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။

ရှားစောင်းလက်ပပ် ဖျော်ရည်သောက်ပြီး ရောင်ရမ်းမှုကို လျှော့ချပါ
နေ့စဉ် ရှားစောင်းလက်ပပ်ဖျော်ရည် (Aloe Vera Juice) တစ်ခွက် သောက်သုံးသူတွေရဲ့ ၁၀ ယောက်မှာ ကိုးယောက်နှုန်းဟာ နှစ်ပတ်အတွင်း သွေးဖိအား ကျဆင်းနိုင်တယ်လို့ ဗြိတိန်မှ သုတေသီတွေက ဖော်ထုတ်ထားပါတယ်။ ရှားစောင်းလက်ပပ်မှာ သွေးဖိအား မြင့်တက်အောင် အဓိက လှုံ့ဆော်မှုပေးတဲ့ ရောင်ရမ်းမှုကို ထိန်းချုပ်နိုင်တဲ့ ဒြပ်ပေါင်းတွေ ပါဝင်လို့ပါလို့ သုတေသီတွေက ရှင်းပြပါတယ်။

No comments:

Post a Comment