“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Tuesday, September 11, 2012

အရက်တစ်ခွက် သောက်သုံးခြင်းဖြင့် ကင်ဆာရောဂါ ဖြစ်နိုင်ခြေ မြင့်မား

အရက်တစ်ခွက် သောက်သုံးခြင်းဖြင့် ကင်ဆာရောဂါ ဖြစ်နိုင်ခြေ မြင့်မား

 
 နေ့စဉ် အရက် တစ်ခွက်နှုန်းနဲ့ သောက်ရင်တောင် ကင်ဆာရောဂါ ဖြစ်နိုင်ခြေ မြင့်မား ကြောင်း အီတလီမှ သုတေသန ပညာရှင်တွေ ပြုလုပ်တဲ့ လေ့လာမှု အသစ်အရ တွေ့ရှိ ခဲ့ပါတယ်။
မီလန်တက္ကသိုလ်မှ သုတေသီတွေက အရက်အနည်းငယ် သောက်သုံးတာကြောင့် နှစ်စဉ်နှစ်တိုင်း ကမ္ဘာတစ်ဝန်းမှာ လူပေါင်း ၃၄၀၀၀ ကျော် သေဆုံးနေတယ်လို့ တွေ့ရှိခဲ့ပါတယ်။
လေ့လာသူတွေက အရက်အနည်းငယ် သောက်သုံးသူ ၉၂၀၀၀ ပါဝင်တဲ့ အမျိုးသားနဲ့ အမျိုးသမီးပေါင်း
၁၅၀၀၀၀ ယောက်ကို လေ့လာခဲ့ရာ နေ့စဉ် အရက်တစ်ခွက် သောက်သုံးတာကြောင့် ခံတွင်း၊ အစာမျိုပြွန်၊ လည်ချောင်းနဲ့ သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေများကြောင်း တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် အရက်ကို ပမာဏ အနည်းငယ် အသုံးပြုရင်တောင် ကင်ဆာဖြစ်နိုင်ခြေ မြင့်မားနိုင်ကြောင်း သုတေသီတွေက ကောက်ချက်ချ ထားပါတယ်။
သိသမျှ မျှဝေရာအရပ် မှ

No comments:

Post a Comment