ချစ်ခဲ့ဖူးပါရဲ့
အနက်ရှိုင်းဆုံးရင်ခုန်သံတွေနဲ့
ဟိုး အတိတ်မိုးကောင်းကင် တစ်ချိန်က
ရူးမိုက်မိုက် ကောင်လေးတစ်ယောက် အဖြစ်နဲ့ပေါ့...
အခုတော့
အဆိပ်တတ်အိမ်မက်တွေကို
အချိန်ဆိုတဲ့ ဝေါဟာရက ချစား
ငါ့ဘ၀ ခပ်ခါးခါးနေ့ရက်တွေကို ကျော်လွှားနိုင်ခဲ့ပြီလို့ ဆိုရလေမလား မသိဘူးနော်..
အချစ်မဲ့ အမုန်းမဲ့
နာကျင်ခြင်းမဲ့ လွမ်းဆွတ်ခြင်းမဲ့တဲ့ ငါ့နေရက်တွေနဲ့
သက်မဲ့ နှလုံးသားရင်ပြင်က
ငြိမ်းချမ်းမှုတွေလား...
တစ်ခါ တစ်လေမှာတော့
ဟာတာတာ ရင်ခွင်အစုံနဲ့ ရေအစုန်မှာရွက်လွှင့်ရင်း
ဘယ်အချိန် ဘယ်လိုအိမ်မက်တွေနဲ့ ဘယ်ကမ်းကို ကပ်ဦးမှာလဲ
စိုးထိတ်မိပါသေးတယ် ......
အောင်ကျော်မြင့်
5-9-2012
!-kp-3နည်းပညာ-http:>
Subscribe to:
Post Comments (Atom)
နပေါလေး . . ကဗျာအရေးကတော့ ကောင်းတယ်. . စိတ်ကသာ နည်းနည်းပေါနေတာ . . ခံစားအားပေးသွားတယ်ဟာ . .
ReplyDelete