“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Tuesday, August 14, 2012

အမျိုးသမီးတိုင်း သိထားသင့်သော သွေးဆုံးကိုင်ခြင်း ဝေဒနာ

အမျိုးသမီးတိုင်း သိထားသင့်သော သွေးဆုံးကိုင်ခြင်း ဝေဒနာ ..........
ကျွန်မတို့အမျိုးသမီးတွေဟာ သွေးဆုံးကိုင်ခြင်း လက္ခဏာတွေကို သိထားသင့်ပါတယ်။ ဒီလက္ခဏာတွေကို မသိထားရင် ရောဂါပေါင်းစုံ ဝင်ရောက်လာတယ်လို့ ထင်မှတ်မှားကာ ဆေးများမှားယွင်းပြီး သုံးစွဲမိပါက အန္တရာယ်ရှိတတ်တာကြောင့် ကြိုတင် သိရှိထားသင့်ပါတယ်။
ဘယ်အချိန်မှာစဖြစ်သလဲ
သွေးဆုံးကိုင်ခြင်းဝေဒနာဟာ ပုံမှန်အားဖြင့် အသက် ၄၇ နှစ်အရွယ်မှာ စတင်ဖြစ်တတ်ပါတယ်။ အချို့သော အမျိုးသမီးတွေဟာ အသက် ၃၀ အရွယ်မှာ စတင်ဖြစ်တတ်ပါတယ်။ သွေးဆုံးကိုင်ခြင်းဟာ အမျိုးသမီးတွေ သွေးမဆုံးမီ သုံးနှစ်မှ ရှစ်နှစ်အတွင်း ဖြစ်နိုင်ပါတယ်။
ဘာကြောင့်ဖြစ်ရပါသလဲ
အမျိုးသမီးတွေရဲ့ သားဥအိမ်မှ မဟော်မုန်းများ( estrogen နဲ့ progesterone)ထုတ်လုပ်မှု ရပ်တန့်ချိန်ရောက်တာကြောင့် ဖြစ်ပါတယ်။ အချို့ အမျိုးသမီးများဟာ ရာသီသွေး အလွန်အကျွံလာနိုင်ပြီး အချို့အမျိုးသမီးများမှာ ရာသီသွေး အလွန်နည်းနေရာမှ သွေးဆုံးခြင်း ဖြစ်လာပါတယ်။
ဘယ်လိုလက္ခဏာတွေ တွေ့နိုင်ပါသလဲ
အမျိုးသမီးအများစုဟာ
ညဘက်တွင် ကောင်းစွာအိပ်မပျော်ခြင်း၊
ချွေးထွက်လွန်၍ ပူခြင်း၊
နားအူခြင်း၊
စိတ်ထိခိုက်လွယ်ခြင်း၊
စိတ်ရှုပ်ထွေးခြင်း၊
စိတ်အာရုံကို ကောင်းစွာမစုစည်းနိုင်ခြင်း၊
ခန္ဓာကိုယ်အားနည်းခြင်းနှင့် မောပန်းလွယ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
ဘယ်လိုကာကွယ်နိုင်သလဲ
Vitamin E ပါဝင်တဲ့ အစားအစာများ၊ ပဲပိစပ်များစားပေးပါက သက်သာနိုင်ကြောင်း သိရှိရပါတယ်။


MY MANDALAY...

http://forverfriends.ning.com/profiles/blog/show?id=2863689%3ABlogPost%3A7226341&xgs=1&xg_source=msg_share_post

No comments:

Post a Comment