“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Sunday, June 17, 2012

ကျွန်တော့်ချစ်သူ အိနြေ္ဒရှင်မလေး

ကေသာကျော့ရှင်း
မူယာကင်းလို့
ဖြူစင်ဝင်းတဲ့ လမင်းနှယ်.....။

ပါးကွက် ပါးပါး
သနပ်ခါးနဲ့
နှုတ်ခမ်းဖူးလေး နီစွေးကြွယ်....။

ထမီ, ရင်ဖုံး
ဆံနွယ်ထုံးလို့
လုံလုံခြုံခြုံ လှလွန်းတယ်.....။

အမြင်လည်း...အေး
ရင်ထဲ...နွေးသမို့
ကျက်သရေ အပေါင်းနဲ့ ခညောင်းတယ်...။

ပန်းချီလည်း....ရှုံး
ရယ်(ရီ)လည်း....နှုန်းချိ
ရင်ထဲ...ထိလို့...
အမြတ်နိုးဆုံး ချစ်မိတယ်....။



(လင်းသထွန်း - LinnTha@gmail.com)ဧဒင်ဥယျာဉ် လင်းသထွန်းအိမ်သို့    

No comments:

Post a Comment