“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Thursday, April 26, 2012

ဟာသတိုများ(၂)

ကျော်သွားမှာစိုးလို့
၅နှစ်အရွယ်နှင့် ၇နှစ်အရွယ် ညီအစ်ကို ကလေးနှစ်ယောက်တို့
တီဗွီကိုထိုင်ကြည့်နေကြစဉ် အငယ်ကောင်က တီဗွီခလုတ်ကို ပိတ်လိုက်သည်။
“ကြည့်လို့ကောင်းနေတုန်း ဘာလို့ တီဗွီ ခလုတ်ကို ပိတ်ရတာလဲ”
“ငါ ရှူးရှူးသွားပေါက်နေတုန်း အခန်းကျော် သွားမှာစိုးလို့”
ချစ်ရတဲ့ မြေးလေး
အငြိမ်းစား တရားသူကြီးသည် စာသင်ကျောင်းထဲ ၀င်သွားခဲ့သည်။
“ကျွန်တော်ဟာ သူငယ်တန်းက ဆန်နီလေးရဲ့ အဘိုးပါ။ ကျွန်တော်မြေးလေး
ကျောင်းတက်တာ ကိုလာကြည့်တာပါ”
“သြော်…ဟုတ်ကဲ့၊ ဆန်နီလေးဟာ သူ့ အဘိုးအငြိမ်းစားတရားသူကြီးရဲ့ ဈာပနာကို
လိုက်ပို့စရာရှိလို့ ဆိုပြီး ခွင့်ယူသွားပါတယ်ရှင် ”
သူဆိုရင် လက်တည့်တယ်
“ဟေ့လူ ဟောဟိုမှာစုပြီး ကစားနေတဲ့ကလေးငယ်တွေထဲက ကျွန်တော့်ကို ခဲနဲ့
လှမ်းပေါက်တာ ခင်ဗျားသားဖြစ်မယ်ထင်တယ်”
“ခင်ဗျားကို ထိသွားလို့လား”
“ဟင့်အင်း”
“အဲဒါဆို ကျွန်တော့်သားမဟုတ်ဘူး”
ယုံကြည်လာသူ
“ငါ့မိန်းမက ငါ့ကို ဘာသာရေးသမားဖြစ်အောင် လုပ်ပေးလိုက်တယ်ကွ”
“ဘယ်လိုလုပ်ပေးတာလဲ သူငယ်ချင်း”
“သူနဲ့လက်မထပ်ခင်အထိ ငရဲရှိတယ်ဆိုတာ ငါမယုံခဲ့ဘူးလေ”
သမက်ရဲ့စေတနာ
“ယောကျာ်ားရေ မေမေကပြောနေတယ်။ ရှင်ပြောတဲ့ဟာသတွေက အရမ်းရယ်ရလွန်းလို့
အူတက်ပြီး သေမတက်ပဲတဲ့”
“တကယ်လား၊ ဒါဆို ဒီထက်ပိုရယ်ရတဲ့ ဟာသတွေ ပြောပြပေးမယ်”
ပေါက်ကရမပြောနဲ့
ယာဉ်ထိန်းရဲက အမြန်မောင်းလာသူကို ပြောလိုက်သည်။
“လူကြီးမင်းရဲ့ ကားမောင်းနှုန်းက တစ်နာရီ ၈၅ မိုင်ဖြစ်နေပါတယ်”
“ပေါက်ကရမပြောနဲ့။ ငါမောင်းလာတာမှ ဆယ်မိနှစ်ပဲ ရှိသေးတယ်”

No comments:

Post a Comment