“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Thursday, April 26, 2012

လူ့ဘဝကြီး၏ အကြီးမားဆုံးသော အသိတရား (၁၄) ချက်

လူ့ဘဝကြီး၏ အကြီးမားဆုံးသော အသိတရား (၁၄) ချက်
၁။  လူ့ဘဝ၏ အကြီးမားဆုံးသော ရန်သူသည် မိမိကိုယ်တိုင်ပင် ဖြစ်သည်။
၂။  လူ့ဘဝ၏ အကြီးမားဆုံးသော ဆုံးရှုံးခြင်းသည် မိမိ၏ မာနကြောင့် ဖြစ်သည်။
၃။  လူ့ဘဝ၏ အကြီးမားဆုံးသော အသိမဲ့ခြင်းသည် မိမိ ကိုယ့်ကိုမိမိ လိမ်လည်နေခြင်း ဖြစ်သည်။
၎။  လူ့ဘဝ၏ အကြီးမားဆုံးသော ဝမ်းနည်းရခြင်းသည် မိမိ၏ မနာလို ဝန်တိုသော စိတ်ကြောင့်ဖြစ်သည်။
၅။  လူ့ဘဝ၏ အကြီးမားဆုံးသော မှားယွင်းမှု လုပ်ရပ်သည် မိမိ၏ စိတ်ဓာတ်ကျဆင်း ခြင်းကြောင့် ဖြစ်သည်။
၆။  လူ့ဘဝ၏ အကြီးမားဆုံးသော ပြစ်မှုပြုခြင်းသည် မိမိ၏ အနိုင်ကျင့်လိုသော စိတ်ဓာတ်ကြောင့် ဖြစ်သည်။
၇။  လူ့ဘဝ၏ အကြီးမားဆုံးသော သနားစရာကောင်းခြင်းသည် မိမိ၏ စိတ်အားငယ်မှု ဖြစ်သည်။
၈။  လူ့ဘဝ၏ အကြီးမားဆုံးသော လေးစားခံရခြင်း သည် မိမိ၏ ကြံ့ခိုင်သည့် စိတ်ဓာတ်ကြောင့် ဖြစ်သည်။
၉။  လူ့ဘဝ၏ အကြီးမားဆုံးသော စီးပွားပျက်ရခြင်းသည် မိမိ၏ ကိုယ်ပိုင်အနာဂတ် မျှော်လင့်ချက် ကင်းမဲ့ခြင်းကြောင့် ဖြစ်သည်။
၁၀။ လူ့ဘဝ၏ အကြီးမားဆုံးသော ချမ်းသာရခြင်းသည် မိမိ၏ ကျန်းမာရေး ကောင်းမွန်ခြင်း ဖြစ်သည်။
၁၁။ လူ့ဘဝ၏ အကြီးမားဆုံးသော အကြွေးသံသရာ ဖြစ်ခြင်းသည် လူမှုရေး အကြွေးသံသရာ ဖြစ်သည်။
၁၂။  လူ့ဘဝ၏ အကြီးမားဆုံးသော လက်ဆောင်မွန်သည် မိမိ၏ သည်းခံခွင့် လွတ်တတ်သော စိတ်ဓာတ် ဖြစ်သည်။
၁၃။ လူ့ဘဝ၏ အကြီးမားဆုံးသော လိုအပ်ချက်သည် မိမိ၏ အကြင်နာတရား မေတ္တာ စိတ်ဓာတ် ဖြစ်သည်။
၁၄။ လူ့ဘဝ၏ အကြီးမားဆုံးသော ပီတိသည် အလှူဒါန ပြုခြင်း ဖြစ်သည်။

No comments:

Post a Comment