“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Sunday, April 22, 2012

ကိုယ့်ဆုတောင်း

အရှေ့အရပ်မှာ
ကြယ်ကလေးတွေတစ်ပွင့် ကြွေကျတယ်
ညပြာပြာ အမှောင်ထဲကိုပေါ့။
ကြယ်ကြွေစဉ် ဆုတောင်းက
အပြည့်အ၀ရသတဲ့
မင်းဘာဆုများ တောင်းခဲ့ဖူးလဲ ချစ်သူ။
ငါ ဆုတောင်းခဲ့ပါတယ်
မင်းသိရင် ရယ်နေမလား .....
မင်းအချစ်တွေ
ကြယ်လိုမကြွေပါနဲ့ . . ဆိုတာပေါ့ ။

 

No comments:

Post a Comment