“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Sunday, April 22, 2012

ဘ၀အတွက် အဆိုအမိန့်များ

၁။ အပေါ်ယံကိုကျော်ပြီး အောက်ခြေကို ကြည့်နိုင်ရင် စိတ်ပျက်ရခြင်းများ အကုန်အကျများရခြင်းများ နှင့် ကြေကွဲရခြင်းများ မှသက်သာမည်.....
၂။ ကိုယ့်အမှားကို အမှားပါလို. လက်ခံပြီး မြင်ရဲတဲ့ သတ္တိဟာ အကြီးမားဆုံး သတ္တိပဲ.....
၃။ အဆိုးတစ်ခုကိုလွတ်မြောက်ချင်ရင် ပြင်ချင်ရင် အဲဒါဟာအဆိုးပါလို. အရင်ဆုံး လက်ခံဘို.လိုတယ်
အဆိုးကို အဆိုးလို. လက်ခံနိုင်တာဟာ ရင့်ကျက်မှုတစ်ခုပဲ ရိုးသားမှုလည်းဖြစ်တယ် အဲဒါဟာ သတ္တိလည်းဖြစ်တယ်.....
၎။ လကွယ်မရှိလျှင် လပြည့်ညဆိုတာပျော်စရာကောင်းမှာမဟုတ်ပါဘူး ကိုယ့်စိတ်နေသဘောထားကို
ပြောင်းနိုင်ခဲ့မယ်ဆိုရင် ကိုယ့်ဘ၀လည်းပြောင်းသွားမှာပါ ဘ၀ဆိုတာ အမြဲတမ်းပြောင်းလဲနေတယ်
အဲဒီပြောင်းလဲမှုကို ဆန်.ကျင်ခဲ့ရင်တော့ ဘ၀ ဆိုတာ ဘာမှန်းမသိအောင် ပျက်စီးနေလိမ့်မယ်.....
၅။ ကိုယ့်စိတ်ကြိုက်နဲ့ ကိုယ့်လုပ်ပုံကိုင်ပုံကိုမပြောင်းလဲ နိုင်ရင် ကိုယ်တွေ.နေကျ အခက်ခဲကိုတွေ.နေအုံးမှာပဲ....သူပြောတာကို စိတ်ပါလက်ပါ အာရုံစိုက်ပြီးနားထောင်ပေးတာဟာ သူ.ကိုချစ်ပြီးလေးစားလို.ပဲ.....
၆။ ရယ်စရာမောစရာ တခုခုပြောပြပြီး ကိုယ်ခင်တဲ့လူကို ရယ်အောင်လုပ်နိုင်တာကလည်း
သူ.ကိုတန်ဖိုးရှိတဲ့ လက်ဆောင်ပေးလိုက်တာနဲ့ အတူတူ ပါပဲ.....

၇။ ကောင်းကင်ကိုပဲ ပျံချင်တဲ့သူကို လေးဘက်သွားခိုင်းတာဟာ ဘယ်လိုမှကြေကြေနပ်နပ်ကြီး လက်ခံမှာမဟုတ်ဘူး.....
၈။ စိတ်ကြေနပ်မှု အစစ်ဆိုတာ အားလုံးအတွက် အကျိုးရှိတဲ့ အလုပ်ကို သစ္စာရှိရှိ ရိုးရိုးသားသားလုပ်ပြီးမှရနိုင်ပါတယ်...ကိုယ်ကျိုးအတွက်သာ သက်သက် ပဲရှိတဲ့ အလုပ်ကို လုပ်နေရုံနဲ့ စိတ်ချမ်းသာမှုအစစ်ကိုမရနိုင်ပါဘူး.....
၉။ ကိုယ့်အမှား ကိုယ့်အားနည်းချက်ကို သိတဲ့လူနဲပါတယ် ဒီလိုပဲ ကိုယ့်ရဲ့ အကောင်းဆုံးအရည်အချင်းကိုလည်းသိတဲ့လူနဲပါတယ်.....
၁၀။ ဘ၀ကို အောင်အောင်မြင်မြင် နေသွားချင်တယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာကိုပဲ အဓိကထားတတ်တဲ့ သဘောကိုကျော်လွန်ပြီး စိတ်ပိုင်းဆိုင်ရာကို ပိုပြီး အလေးထားတတ်တဲ့ အကျင့်ကို တည်ဆောက်ရမယ်.....
၁၁။ နှစ်ခါမခံရအောင် ပထမ တစ်ခါကတည်းက သင်ခန်းစာယူသင့်ပါတယ်..သင်္ချာမှာ ပုံသေနည်းရှိတယ် ဘ၀မှာပုံသေနည်း မရှိဘူး.....
၁၂။ လူတစ်ယောက်ရဲ့အကြောင်းကို ကောင်းကောင်းသိချင်ရင် သူဒုက္ခရောက်နေတုန်းမှာ ဘာလုပ်သလဲဆိုတာအရင်ကြည့်ရမယ်.....
၁၃။ အောင်မြင်မှုဆိုတာ အခက်ခဲတွေကြားမှာ လှို.၀ှက်ထားတယ် မဖြစ်နိုင်ဘူးဆိုပြီး မလုပ်ပဲနေရင် မဖြစ်ဖို.သေချာတယ် သူများကိုယ့်ကိုပစ်တဲ့အုတ်ခဲတွေနဲ့ပဲ ကိုယ့်အတွက် ခိုင်မှာတဲ့ အုတ်မြစ်တွေကို ချထားပါ.....
၁၄။ သင့်ကိုဒုက္ခပေးနေသူကို ခွင့်လွှတ်လိုက်ပါ အဲဒါက အကောင်းဆုံးလက်စားချေနည်း ပဲ
ခွင့်မလွတ်နိုင်ဘူးဆိုတဲ့ ၀န်ထုတ်ကြီးကို ထမ်းပြီးသွားနေရတာ ဟာ မောဖို.ကောင်းလှပါတယ် ပင်းပန်းလှပါပြီ.....
၁၅။ရိုးသားမှု ရှိဘို.အတွက် ကြီးမားတဲ့ သတ္တိလိုအပ်တယ် ကိုယ်တိုင်မထိန်းနိုင်တဲ့အရာဟာ
ကိုယ့်လက်ထဲမှာ တာရှည်နေမှာ မဟုတ်ပါဘူး.....
၁၆။ ငှက်သည် လေကိုဆန်သည် ငါးသည် ရေကိုဆန်၍ကူးရသည် လူသည်လဲကျမှုကို ကြံ့ ကြံ့ခိုင်၍ ရပ်တည်ရသည်.....
၁၇။ မှန်ကန်တဲ့ဆုံးဖြစ်ချက်ကို ချလိုက်တဲ့အခါ လွပ်လပ်တဲ့သူ တာဝန်သိတဲ့သူ တစ်ယောက်ဖြစ်လာသည်.....
၁၈။ ဘယ်သူမှမလေးစားတော့တဲ့အခါ သူဟာလူ.အသိုင်းအ၀ိုင်းမှာ နေစရာမရှိတော့တဲ့သူဖြစ်သွားလိမ့်မယ်.....
၁၉။ အမေးမခံရဘူးဆိုတာ ကိုယ့်လုပ်ရပ် ကိုယ့်ခံယူချက် ကိုယ့်ယုံကြည်မှု တကယ်မှန်တယ်လို. ကိုယ့်ဟာကိုယ် စိတ်မချလို.ပဲ.....
၂၀။ အကောင်းမြင်တတ်တာဟာ ကိုယ့်ကိုယ်ကို လေးစားတာ တန်ဘိုးထားတာ
ပျော်ပျော်နေတတ်တာဟာ အခက်ခဲကို ရင်ဆိုင်ရဲတာ သတိနဲ့နေတတ်တာဟာ ကျမ္မာရေးအတွက်အရေးပါတဲ့အချက်ဖြစ်တယ်.....

No comments:

Post a Comment