တစ်နေ့တွင် ဦးပေါသွပ်သည် အခြားမြို့တစ်မြို့သို့ ခရီးထွက်လာသည်..
ညနေစောင်းသော် လမ်းခုလတ်ရှိ သူ့မိတ်ဆွေအိမ်၌ ၀င်ရောက်တည်းခိုလေသည်..
“ဟော .. ပေါသွပ်ပါလား.”
““အေးကွ.ငါ..ကမ္ဘာရှားတို့ဆီသွားမလို့.ဒီညတော့ ဒီမှာဘဲ တည်းမကွာ””
သို့နှင့် ဦးပေါသွပ်အား ဦးဖိုးထော်၏ ဇနီးက ထမင်းပြင် ကျွေးသည်..
“ကိုပေါသွပ်ရေ..ထမင်းပြင်ပြီးပြီ လစားပေတော့”
ကိုပေါသွပ်မှာ ဆာဆာနှင့်စားရာ ထမင်းဟင်းများလျှင်မြန်စွာ ကုန်သွားလေ၏..
ထိုအခါ အိမ်ရှင်လာထည့်ပေးမည့် ထမင်းဟင်းကို စောင့်မျှော်နေလေ၏..
သို့သော် အိမ်ရှင်တို့က လာထည့်မပေး..ဗိုက်ကလည်းဆာ.
““မဖြစ်တော့ဘူး..ငါ တစ်ခုခုတော့လုပ်မှ””
ထို့ကြောင့် စိတ်မရှည်နိုင်တော့ဘဲ.အိမ်တိုင်ကို ဖက်တက်လေတော့သည်...
“ဟ..ဟိုမှာ.ဟိုမှာ..”
“ဟ.ဟ”
“ဟေ့..ဟေ့.ပေါသွပ်.ထမင်းစားရင်းတန်းလန်း ဘာလို့ အိမ်တိုင်ပေါ်တက်ရတာတုန်း”
ထိုအခါ ဦးပေါသွပ်က စိတ်မရှည်စွာဖြင့်.ထမင်းပွဲကိုမေးငေါ့ပြီး..ပြန်ပြောလိုက်သည်မှာ..
““ သြ..ဒါတော့မြင့်တယ်..ဟိုဟာတော့ မမြင်ဘူး.””

No comments:
Post a Comment