“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Saturday, March 15, 2014

'Time tunnel တစ်ကယ်ရှိတာလား


Photo စက်တင်ဘာ ၉ ရက်နေ့ ၁၉၉၀ ခုနှစ်က အဖြစ်အပျက် တစ်ခုပါ။တောင်အမေရိကနိုင်ငံ ဗင်နီဇွဲလားမြို့တော် လေ ယာဉ်ထိန်းချုပ်ရေးတာဝါ မှာ အံ့ဖွယ်ဘနန်း အဖြစ်အပျက် တစ်ခုဖြစ်ပေါ်ခဲ့တာပါ။

ဖြစ်ပုံက ဒီလိုပါ။
'Douglas'့  လေယာဉ်ပျံ တစ်စီးဟာ သူတို့ရဲ့ တာဝါထဲကို ရုတ်တရက်ဝင်ချလာပါတယ်။ထူးဆန်းတာက အဲဒီလေယာဉ်ပျံကို သူတို့တာဝါရဲ့ rader မှာလည်းဖမ်းလို့မမိပဲ ဝင်ရောက်လာတာပါ။

အဲဒီမှာ ဇာတ်လမ်းစတော့တာပါပဲ။
လေဆိပ်တာဝန်ခံက 'ဒါက ဗင်နီဇွဲလားပါ,မင်းတို့ ဘယ်နိုင်ငံကလာတာလဲ' ဆိုပြီးမေးလိုက်ပါတယ်။

လေယာဉ်ပျံက pilot က လေဆိပ်တာဝန်ခံရဲ့ စကားကိုကြားကြားချင်းပဲ 'အို ဘုရားရေ ငါတို့က Pan American Airways Flight 914 ပါ။ငါတို့ ခရီးစဉ်က နယူးယောက်ကနေ ဖလော်ရီဒါကို ပျံသန်းမဲ့လေယာဉ်ပါ။ဘယ်လိုဖြစ်ပြီး ကီလိုမီတာ ၂၀၀၀ လောက်ကျော်ပြီး ဒီကိုရောက်လာတာပါလိမ့်' ဆိုပြီး အံအားသင့်စွာရေရွတ်လိုက်ပါတယ်။

ပြီးတော့ ချက်ချင်းပဲ pilot ဟာ သူတို့ရဲ့ flight diary ကို လေဆိပ်တာဝန်ခံကို ပြလိုက်ပါတယ်။

Flight diary ထဲကမှတ်တမ်းထဲအရဆိုရင် ဒီလေယာဉ်ဟာ ဇူလိုင် ၂ ရက် ၁၉၅၅ ခုနှစ်ကတည်းက ထွက်ခွာခဲ့တဲ့ လေယာဉ်ဖြစ်ပြီး လက်ရှိအချိန်နဲ့ဆို ၃၅ နှစ်တိတိ ကွာဟနေခဲ့တာပါ။

လေဆိပ်တာဝန်ခံလည်း အံ့အားသင့်မင်သက်ခဲ့ရပြီး 'ဒါလုံးဝ မဖြစ်နိုင်ဘူး။ မင်းတို့ငါ့ကို ပုံလာပြောနေတာပဲ' ဆိုပြီး မယုံကြည်နိုင်ပဲ fax ပို့ပြီးစုံစမ်းစစ်ဆေး ခဲ့ပါတယ်။

အဲဒီမှာပဲ ဒီ Pen American Airways Flight 914 ဟာတကယ်ပဲ ၁၉၅၅ ဇူလိုင် ၂ ရက်နေ့က နယူးယောက်ကနေ ဖလော်ရီဒါကို ထွက်ခွာခဲ့ရာမှာ ရုတ်တရက် ပျောက်ဆုံးသွားခဲ့ရပြီး ယခုတိုင်ရှာဖွေနေဆဲ လေယာဉ်ဖြစ်ကြောင်းနှင့် လေယာဉ်ပေါ်က ခရီးသည် ၅၀ကျော်ကိုလည်း အာမခံကုမ္ပဏီတွေက အသက်အာမခံတွေ ပေးလျော်ထားပြီးဖြစ်ကြောင်း အံ့ဖွယ်သိလိုက်ရပါတယ်။

အဲဒီနောက်တော့ တာဝန်ရှိသူတွေနဲ့ စီစဉ်ပြီး ခရီးသည်တွေကို အမေရိကားကို ပြန်ပို့ပေးလိုက်တဲ့ အခါမှာတော့ ပိုလို့တောင် အံ့အားသင့်စရာတွေကြုံလိုက်ကြရပါတယ်။

ဘာလို့လဲဆိုတော့ ခရီးသည်တွေရဲ့ ကလေးတွေ ဆွေမျိုးသားချင်းတွေက ၃၅နှစ်စာ အသက်တွေကြီးရင့်သွားပေမဲ့ လေယာဉ်ပေါ်မှာ ၃၅နှစ်ပျောက်နေသူတွေကတော့ အရင်တုန်းက လေယာဉ်ပေါ်တက်စက အသက်အရွှယ်အတိုင်း အံ့ဖွယ်တွေ့ရှိခဲ့ရပါတယ်။

ရဲတွေ နဲ့ သိပ္ပံပညာရှင်တွေဟာလည်း သူတို့ရဲ့ မှတ်ပုံတင်ကဒ်တွေ ခန္တာကိုယ်တွေကို သေချာစစ်ဆေးပြီးတော့ လွန်ခဲ့တဲ့ ၃၅ နှစ်က ပျောက်ဆုံးသွားသူတွေဖြစ်ကြောင်း အတည်ပြုပေးခဲ့ကြရပါတော့တယ်။

"THIS IS NOT A FARCE, BUT A FACT."

#DrAung
(3 photos)

No comments:

Post a Comment