“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Monday, February 3, 2014

စမတ် ရေမွှေးဖြန်းစက် ဆိုပါလား



ဒါဘာကြီးလဲဟင်။ စပီကာလား၊ flash drive လား၊ ဒါမှမဟုတ် မျက်ကြည်လွှာဖတ် လုံးခြုံရေးစနစ်လား။

တစ်ခုမှ မဟုတ်ပါဘူး။ အလွန်ကို ဆန်းပြားလှတဲ့ Scentee လို့ အမည်ရတဲ့ စမတ်ဖုန်းနဲ့ ချိတ်ဆက် အသုံးပြုရတဲ့ အမွှေးရနံ့ ထုတ်လုပ်ပေးတဲ့ စက်ပဲ ဖြစ်ပါတယ်။ စမတ်ဖုန်းနဲ့ ရေမွှေးထုတ်စက် ဘယ်လိုများ သက်ဆိုင်သလဲလို့ မေးစရာ ရှိလာပါတယ်။

အဖြေက ရှင်းပါတယ်။ သင့်အနေနဲ့ Scentee ကို အသုံးပြုခြင်းအားဖြင့် ဖုန်းရဲ့ အသိပေးစနစ်မှ Notifications များကို အသံ၊ တုန်ခါမှုတို့အပြင် အမွှေးရနံ့နဲ့ပါ သိရှိနိုင်မှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် Text Message လက်ခံရရှိသည့်အခါ Scentee မှ မိမိရွေးချယ်ထားသည့် မွှေးရနံ့ဖြင့် အသိပေးမှာ ဖြစ်ပါတယ်။


ဂျပန်အခြေစိုက် ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ ဒီစက်ကလေးကို www.scentee.com မှာ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

၃၅ ဒေါ်လာတန် ဒီစက်ကလေးရဲ့ အတွင်းမှာတော့ အလွန်သေးငယ်တဲ့ အမွှေးရနံ့ သိုလှောင်ထားတဲ့ ဘူးလေးပါရှိပြီး အကြိမ် ၁၀၀ ခန့် အသုံးပြုနိုင်ကြောင်း သိရှိရပါတယ်။ လက်ရှိအချိန်မှာတော့ Rose၊ Lavender၊ Coffee၊ Rosemary နဲ့ Strawberry စတဲ့ မွှေးရနဲ့ ၅ မျိုးကို ဝယ်ယူသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

Scentee ကို Android နဲ့ iOS ၂ မျိုးစလုံးမှာ သုံးစွဲနိုင်ပြီး Notification ရရှိသည့် အချိန်၌သာမက မိမိကိုယ်ကို ရေးမွှေးဆွတ်လိုသည့် အချိန်၌လည်း သုံးစွဲနိုင်ပါလိမ့်မယ်။

ဒါတင် မကသေးပါဘူး နှိုးစက်နာရီနဲ့လည်း ချိတ်ဆက်ပြီး မနက်စောစောမှာ ကော်ဖီရနံ့လေးနဲ့ နိုးထနိုင်ပါဦးမယ်။

လင့်ခ် - http://mmconsumerguide.com/?p=3180

AMK (MCG)

---

www.mmconsumerguide.com

LIKE SHARE ✓ LOVE Myanmar Consumer Guide

Myanmar Consumer Guide | The Best Product Reviews Magazine & Website in Myanmar

ဘာပဲဝယ်ဝယ် Myanmar Consumer Guide ဖတ်ပြီးမှ ဝယ်ပါ။

No comments:

Post a Comment