“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Friday, February 21, 2014

"အမျိုးဖျက်မကြောင့် ရဟန်းမစားခဲ့ရသည့် ဆွမ်းတစ်နပ်"

တစ်ခါက မန္တလေးမြို့ စာသင်တိုက်ကြီးတစ်တိုက်မှ ဆရာတော်ဘုရားကြီးကို ကျောင်းဒကာလည်းဖြစ်၊ ဆွမ်းဒကာလည်းဖြစ်တဲ့ ဒကာတစ်ဦးက သူ့သမီးအိမ်ထောင်ကျ တာကြောင့် မင်္ဂလာဦးဆွမ်းကျွေးကြွဖို့ ပင့်လျှောက်ပါတယ်။ ဆရာတော်ဘုရားကြီးက လည်း အလွန်ရင်းနှီးတဲ့ကျောင်းဒကာ၊ ဆွမ်းဒကာက ပင့်တာဆိုတော့ မင်္ဂလာဦး ဆွမ်းကျွေးကို လက်ခံခဲ့ပြီး ပင့်လျှောက်တဲ့ ရက်ရောက်တဲ့အခါ နောက်ပါသံဃာလေးပါးနှင့် အတူ မသည်းမညူဘဲ မင်္ဂလာဦးဆွမ်းကျွေးပွဲကို ကြွရောက်ခဲ့ပါတယ်။

ဆွမ်းစားက နံနက်အရုဏ်တက် မင်္ဂလာဦးဆွမ်းစားပါ။ အရုဏ်ဆွမ်းစားဆိုတော့ ဆရာတော်ဘုရားကြီးက အရုဏ်မတက်ခင်ကတည်းက ခပ်စောစောလေး ကြွရောက်ခဲ့ပါတယ်။ မင်္ဂလာဦးဆွမ်းစားကို ခပ်စောစောလေးကြွရောက်ခဲ့ရတဲ့ ဆရာတော်ဘုရားကြီးရဲ့ ရည်ရွယ်ချက်ကတော့ မင်္ဂလာဦးအရုဏ်ဆွမ်းစားဆိုတာ တခြားအရုဏ်ဆွမ်းစားတွေနဲ့မတူပါဘူး။ တခြားအရုဏ်ဆွမ်းစားတွေက ဆရာတော်တွေ ဆွမ်းဘုဉ်းပေးပြီးတာနဲ့ လာရောက်တရားနာတဲ့ ပရိတ်သတ်တွေကို တစ်ခါတည်း ဧည့်ခံကျွေးမွေးလိုက်ရင် ပြီးတာပါပဲ၊ မင်္ဂလာဦးဆွမ်းကျွေးပွဲကျတော့ အဲသည်လိုမဟုတ် တော့ဘဲ နေ့ခင်းပိုင်းမှာ လူတွေကို တသီးတခြား ဧည့်ခံကျွေးမွေးရပါတယ်။ အဲဒါကြောင့် မင်္ဂလာဦးဆွမ်းကျွေးပွဲကို ဆရာတော်ဘုရားကြီးက အချိန်ပေးပြီး ခပ်စောစောလေး ကြွရောက်ခဲ့တာပါ။

ဆရာတော်ဘုရားကြီးက ဆွမ်းမဘုဉ်းပေးမိခင် တရားအရင်နာကြမယ်လို့ ပြောပါတယ်။ ဆရာတော်ဘုရားကြီးရဲ့ စကားကြောင့် တရားနာကြမယ့် ပရိတ်သတ်တွေကလည်း လက်အုပ်ကလေးတွေချီပြီး သြကာသကန်တော့ကျိုးဆိုဖို့ ဟန်ပြင်နေတုန်း ဆရာတော်ဘုရားကြီးက လက်ကလေးနဲ့ ဟန့်တားပြီး တရားနာရအောင် မင်္ဂလာဦးဆွမ်းကျွေးမယ့် သတို့သားရော ခေါ်လိုက်ဦးလေ လို့ ပြောပါတယ်။
ဆရာတော်ဘုရားကြီးရဲ့ စကားကြောင့် တရားနာလာရောက်ကြတဲ့ ပရိသတ်တွေလည်း ဘာပြန်လျှောက်လို့ လျှောက်ရမှန်းမသိဘဲ ဖြစ်သွားကြပါတယ်။ ဘုရားဒကာ၊ ကျောင်းဒကာ၊ ဆိုသူကလည်း ဆွမ်းစားပင့်လျှောက်စဉ်ကတည်းက ဆရာတော်ဘုရားကြီးကို သတို့သားနဲ့ပတ်သတ်ပြီး ဘာမှအကြောင်းစုံ မလျှောက်ထားတဲ့ အတွက် အခုလို ဆရာတော်ဘုရားကြီးက သတို့သားကို တရားနာဖို့ ခေါ်ခိုင်းတာ ဖြစ်ပါတယ်။

သတို့သမီးလည်း မျက်စိပျက်၊ မျက်နှာပျက် ဖြစ်နေသလို သတို့သမီးမိဘတွေဖြစ်တဲ့ ကျောင်းဒကာ၊ ဆွမ်းဒကာတွေလည်း အနေရ အထိုင်ရခက်နေရပြီး တိတ်ဆိတ်ငြိမ်သက် နေကြပါတယ်။ အဲဒီအချိန်မှာ အသက်ကြီးကြီး ဒကာကြီးတစ်ယောက်က ဆရာတော်ဘုရား၊ ဒီကလေးမရဲ့ မိုက်ပြစ်များကို သည်းခံခွင့်လွှတ်ပေးဘုရား၊ တပည့်တော်များ အနေနဲ့ လျှောက်လည်းလျှောက်ချင်ပါတယ်။ ဒါပေမယ့် မလျှောက်လည်း မလျှောက်ရဲပါဘုရား။ အေး…ဒို့များကလည်း ဒကာတော်တို့လျှောက်မှ သိမှာကွဲ့၊ မလျှောက်ရင် ဘယ်သိပါ့မလဲ၊ လျှောက်စရာရှိတာကို ရဲရဲဝံ့ဝံ့သာ လျှောက်ပါကွဲ့၊ ဆရာတော်က လျှောက်ဆိုလို့သာ လျှောက်ရမှာပါဘုရား၊ တခြားတော့ မဟုတ်ပါဘူး။ ဒီကလေးမယူထားတဲ့ အမျိုးသားက ဗုဒ္ဓဘာသာလူမျိုးမဟုတ်တဲ့အတွက် မင်္ဂလာဦးဆွမ်းကပ်တဲ့အခါ တရားမနာနိုင်ဘူးလို့ ပြောနေပါတယ်။ ဒီမင်္ဂလာဦးဆွမ်းကျွေးတောင်မှ သတို့သားဘက်က အကုန်ခံတာမဟုတ်ဘူး။ သတို့သမီးမိဘတွေက အကုန်အကျခံပြီး ဆွမ်းကပ်တာ၊ တပည့်တော်များကလည်း ဆွမ်းကပ်မယ့် ကုန်ကျစရိတ်ကို ဒီဘက်ကပဲ အကုန်အကျခံပါ့မယ်။ ဒါပေမယ့် တရားလေးတော့ နာပေးပါလို့ပြောတာတောင် မနာနိုင်ဘူးတဲ့ဘုရား၊ (လူပါးဝချက်)၊ ဒါကြောင့်မို့ ဒီမင်္ဂလာဦးဆွမ်းကျွေးပွဲမှာ သတို့သမီးတစ်ယောက်တည်း တရားနာမှာပါ။ ဒကာတော်ရဲ့ စကားသံအဆုံးမှာ ဆရာတော်ဘုရားကြီးဟာ ချက်ချင်းပဲ မျက်နှာမကောင်း ဖြစ်သွားရတာပါ။ ပြီးတော့.. အေး မင်းတို့တွေက တယ်ညံ့ကျသကိုး၊ ကိုယ့်သတ်မည့် ကြိုးကွင်း လည်ပင်းလာစွပ်တာတောင်မှ လှတယ်ထင်ပြီး အပျော်ကျူးပြီး ကနေကြတယ်။ ဒို့ကတော့ ဒို့ဘာသာ ဒို့လူမျိုးအတွက် အဆိပ်ပင်ဖြစ်မယ့် ဒီဆွမ်းမျိုးကို မဘုဉ်းပေးနိုင်ဘူး။ မင်းတို့ကပ်တဲ့ ဆွမ်း မစားရလို့ အသက်သေမယ်ဆိုရင်တောင် ဒို့မစားဘူး။ လာပြန်ကြစို့ ဆိုပြီး နောက်ပါသံဃာလေးပါးကို ခေါ်ပြီး ဆွမ်းမစားဘဲ ပြန်ကြွခဲ့ရပါသတဲ့။

ဒီအကြောင်းလေးကို စာရေးသူတို့ ငယ်ငယ်တုန်းက စာချဆရာတော်တစ်ပါးက စာချရင်း တစ်ဆင့် ဖောက်သည်ချလို့ ကြားခဲ့ရတဲ့ စကားလေးပဲဖြစ်ပါတယ်။ စာချဆရာတော်က အဲသည်တုန်းက ဘာရည်ရွယ်ချက်နဲ့ ပြောခဲ့တယ်ဆိုတာ လုံးဝသတိမထားမိခဲ့ပါဘူး။ ဒီအတိုင်း မသိလိုက် မသိဖာသာပဲ နေလာခဲ့မိပါတယ်။ အခုလို သိတတ်နားလည်တဲ့ အရွယ်ရောက်မှ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာနဲ့ ပတ်သတ်လို့ တဖြည်းဖြည်းတွေးပြီး တရေးရေးမြင်ယောင်လာတဲ့အခါမှ ဒီအကြောင်းလေးကို ပြန်ပြောပြတဲ့ စာချဆရာတော်နဲ့ မင်္ဂလာဦးဆွမ်းကို မဘုဉ်းပေးဘဲ ပြန်ကြွလာခဲ့တဲ့ ဆရာတော်ဘုရားကြီးရဲ့ အမျိုးသားရေး စိတ်ဓာတ်ကို လေးစားဂုဏ်ယူမိတာပါ။ အမျိုးသားရေးနဲ့ ပတ်သတ်လာရင် ဆရာတော်ကြီးများ၏ ဆွမ်းဒကာ၊ ကျောင်းဒကာဆိုရင်တောင် (Follow) မလိုက်တတ်တာကို ပိုပြီး ဂုဏ်ယူမိတာပါ။ အိမ်ထောင်ပြုသည့်အခါမှာ ဒီလိုအဖြစ်မျိုးတွေ ကြုံရတတ်တယ်ဆိုတာလည်း သိစေချင်တာပါ။ အိမ်ထောင်ပြုမှားလိုက်တာနဲ့ ရတနာသုံးပါးလုံး ကွယ်သွားရတဲ့အဖြစ်မျိုးမလိုချင်ကြဖို့ အနူးအညွတ်တိုက်တွန်းချင် ပါတယ်။ အိမ်ထောင်ပြုမမှားကြပါနဲ့၊ လူမှုပေါင်းသင်းရေးမမှားကြပါနဲ့၊ ရောင်းဝယ်ဖောက်ကားရေး မမှားကြပါနဲ့လို့ အနူးအညွတ်တိုက်တွန်း အမျိုးဖျက်မကြောင့် ရဟန်းမစားခဲ့ရတဲ့ ဆွမ်းတစ်နပ်အကြောင်း ဖော်ပြလိုက်ခြင်းပါ။

ဖိုးပညော(သပိတ်ကျင်း) ၏ အရုဏ်ဆွမ်းမစားဘဲ ပြန်ကြွခဲ့သည့် ဆရာတော် ဆောင်းပါးကို အနည်းငယ်ဖြည့်စွက်ရေးသားပါသည်။
ဓာတ်ပုံကို အဆင်ပြေသလို တင်ပြခြင်းသာ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments:

Post a Comment