“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Saturday, November 16, 2013

စိတ်ဖိစီးမှုက အသက် ပိုကြီးစေ

စိတ်ဖိစီးခြင်း၊ စိတ်ဓာတ်ကျဆင်းခြင်းတို့က လူတွေကို အသက် ပိုကြီးစေကြောင်း သိရ ပါတယ်။ ဒီအတွက် နယ်သာလန် Universtiy of Medical Centre မှ စိတ်ကျန်းမာရေး သုတေသီတို့ သေချာ သုသေ တန ပြုလုပ် စစ်တမ်းကောက်ယူ ထားခြင်း ဖြစ်ပါတယ်။ 
လူဦးရေ ၂၄၀၇ ဦးကို စမ်းသပ်ခဲ့ပြီး စိတ်ဓာတ်ကျတဲ့ ၃ ပုံ ၁ ပုံသော လူဦးရေ က Aging ဆဲလ်များ ပိုမို ပျက်ဆီးနေကြောင်း လေ့လာတွေ့ရှိခဲ့ ပါတယ်။ စစ်တမ်းကောက်ထားတဲ့ လူတွေရဲ့  သွေး ပမာဏ အနည်းငယ်ကို ယူပြီး ဓာတ်ခွဲလေ့လာခဲ့ခြင်း ဖြစ်ပါတယ်။ အသက်အရွယ်နုပျိုအောင် ထိန်းထားပေးတဲ့ ဆဲလ်များ ကို လေ့လာခဲ့ပြီး စိတ်ဓာတ်ကျလေ့၊ စိတ် ဖိစီးလေ့ မရှိသူများရဲ့ ဆဲလ်များဟာ ပိုရှည်ပြီး အသက်ရှင်နေတာ ကို တွေ့ရ ပါတယ်။ စိတ်ဖိစီးနေသူတို့ရဲ့  ဆဲလ် ကတော့ တိုပြီး အားအင် သိပ်မပြည့်ဖြိုး တာကို လေ့လာ တွေ့ရှိခဲ့ ပါတယ်။ 
ဒါကြောင့်မို့ ရုပ်ပျို၊ ရုပ်နုတယ်ဆိုတာ စိတ်နဲ့ တိုက်ရိုက်ဆက်စပ်နေပြီး စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာ ဘယ်လောက်ပဲ ရှိရှိ စိုးရိမ်ပူပန်ကြောင့်ကြခြင်း နည်းဖို့ လိုအပ်ကြောင်း ဆိုပါတယ်။ ပြဿနာတွေကို ဖြေရှင်းတဲ့အခါမှာ စိုးရိမ်ပူပန်မှုကင်းရင် စိတ်ဓာတ်ကျစရာလည်းမရှိသလို၊စိတ်ဖိစီးစရာလည်း မရှိပါဘူး။ ယင်းနည်းလမ်းနဲ့ အသက်ဘယ်လောက်ကြီးကြီး အပြင်ပန်း ရုပ်ရည်သွင်ပြင်ကို နုပျိုအောင် အကောင်းဆုံး ထိန်းထား နိုင်စကြောင်း သိရ ပါတယ်။
.
Ref: Xinhua
အောင်ခမ်း ( ရိုးရာလေး )

No comments:

Post a Comment