“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Friday, November 1, 2013

ကမ္ဘာ့အံ့ဖွယ် ၁၀ ခု


Photo: ကမ္ဘာ့အံ့ဖွယ် ၁၀ ခု

၁ - မဟာတံတိုင်း (The Great Wall of China)
တရုတ်နိုင်ငံရဲ့ သင်္ကေတတစ်ခုဖြစ်တဲ့ မဟာတံတိုင်းကို ၇ ရာစု BC က တည်ဆောက်ခဲ့တာဖြစ်ပြီး တရုတ်အင်ပါယာကို ကာကွယ်ပေးတဲ့ ခံတပ်ကြီးတစ်ခုအဖြစ် တည်ဆောက်ခဲ့တာပါ။

၂ - Petra
ဂျော်ဒန်နိုင်ငံရဲ့ ရှေးဟောင်းမြို့တော် တစ်ခုဖြစ်တဲ့ Petra မြို့တော်ဟာ သူ့ရဲ့ ကျောက်တုန်းတွေနဲ့ချည်း ဖန်တီးထားတဲ့ ဗိသုကာလက်ရာနဲ့ ထူးခြားတဲ့ ရေပေးဝေမှု့စနစ်ကြောင့် ထင်ရှားပါတယ်။

၃ - Cristo Rendetor Statue
ဘရာဇီးနိုင်ငံရဲ့ အမှတ်လက္ခဏာတစ်ခုဖြစ်တဲ့ Jesus ရုပ်ထုဟာ ကမ္ဘာ့အကြီးဆုံး Art Deco ရုပ်ထုဖြစ်ခါ မီတာ ၃၀ ခန့်မြင့်ပါတယ်။

၎ - Taj Mehal of Agra
India နိုင်ငံရဲ့ ရတနာတစ်ပါးအဖြစ်တင်စားရတဲ့ တာ့ဂ်ျမဟာရဲ့ အတွင်း၊ အပြင် ဗိသုကာ လက်ရာများဟာလည်း အံ့မခန်းဖြစ်ပြီး Mughal empreor Shah Jahan ဟာ သူ့ဇနီးအတွက် အထိမ်းအမှတ်အနေနဲ့ တည်ဆောက်ခဲ့တာပါ။

၅ - Hagia Sophia
တူရကီက ထင်ရှားတဲ့ ဗလီကျောင်းရဲ့ တည်ဆောက်မှု့လက်ရာဟာလည်း ထူးခြားကောင်းမွန်လှပြီး ယခုအခါမှာတော့ ပြတိုက်အဖြစ် ပြသထားပါတယ်။

၆ - The Hanging Garden of Babylon
နံရံတွေခေါင်မိုးတွေမှာ အပင်တွေစိုက်ခြင်းဟာ ယနေ့ခေတ်မှာမှ ရှိတာမဟုတ်ဘူးဆိုတာကို ဘေဘီလုံမြို့ရဲ့ Hanging Garden က သက်သေပြုနေပါတယ်။ နောက်တစ်ခါ ထပ်မရှိနိုင်တော့မယ့် ဒီဥယျာဉ်ဟာ ကမ္ဘာ့အံ့ဖွယ်တွေထဲက တစ်ခုဖြစ်ထိုက်ပါတယ်။

၇ - Lighthouse of Alexandria
BC ၂၈၀ နဲ့ ၂၄၇ ကြားမှာ Pharos အီဂျစ်နိုင်ငံ Pharos ကျွန်းပေါ်မှာ ဒီမီးပြတိုက်ကို တည်ဆောက်ခဲ့တာပါ။ အမြင့်ပေ ၃၉၃ ကနေ ၄၅၀ ကြားရှိနိုင်တဲ့ ဒီမီးပြတိုက်ဟာ သင်္ဘောသားတွေကို Alexandria ဆိပ်ကမ်းကို လမ်းကြောင်းပြပေးနိုင်ပါတယ်။

၈ - Temple of Artemis
တူရကီနိုင်ငံအနီးမှာ ရှိပါတယ်။ လူအချို့ကတော့ Temple of Diana အဖြစ်ခေါ်ဆိုကြပြီး၊ ပျက်ဆီးခြင်းမပြုမီ ၃ကြိမ်တိုင် ပြန်လည်ဆောက်လုပ်ခဲ့ရပါတယ်။

၉ - Victoria Falls
ဇမ်ဘီယာနဲ့ ဇင်ဘာဘွေ နှစ်နိုင်ငံကြားမှာရှိတဲ့ ဗစ်တိုးရီးယားရေတံခွန်ဟာလည်း အံဖွယ်တစ်ခုပါ။ Zambezi မြစ်ပေါ်မှာရှိပါတယ်။

၁၀ - “Valley of Love” – Lost Wonders of the World
အချစ်တောင်ကြားလို့ခေါ်တွင်ရမယ့် နေရာတစ်ခု အိုင်ယာလန်နိုင်ငံမှာရှိခဲ့တယ်လို့ဆိုပါတယ်။ ပျောက်ဆုံးသွားတဲ့ ကမ္ဘာအမွေအနှစ်တစ်ခုဖြစ်ပြီး အီဂျစ်က ပိရမစ်တွေထက် နှစ်ပေါင်း ၃၀၀၀ ခန့်စောပြီးပေါ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။

ကမ္ဘာပေါ်ရှိအံ့ဖွယ်ရာ နေရာများဟာ ၁၀ ခုမကပဲ အမျိုးမျိုးသော အံ့ဖွယ်ရာများကျန်ရှိနေပါသေးတယ်။ အလျဉ်းသင့်သလို ရှာဖွေဖော်ပြသွားပါတယ်။

ဖော်ပြပါပုံကတော့ Valley of Love ဖြစ်ပါတယ်။

အေးချမ်းမွန် Credit To >သုတဘဏ် <Thanks
https://www.facebook.com/excellencemedia
၁ - မဟာတံတိုင်း (The Great Wall of China)
တရုတ်နိုင်ငံရဲ့ သင်္ကေတတစ်ခုဖြစ်တဲ့ မဟာတံတိုင်းကို ၇ ရာစု BC က တည်ဆောက်ခဲ့တာဖြစ်ပြီး တရုတ်အင်ပါယာကို ကာကွယ်ပေးတဲ့ ခံတပ်ကြီးတစ်ခုအဖြစ် တည်ဆောက်ခဲ့တာပါ။

၂ - Petra
ဂျော်ဒန်နိုင်ငံရဲ့ ရှေးဟောင်းမြို့တော် တစ်ခုဖြစ်တဲ့ Petra မြို့တော်ဟာ သူ့ရဲ့ ကျောက်တုန်းတွေနဲ့ချည်း ဖန်တီးထားတဲ့ ဗိသုကာလက်ရာနဲ့ ထူးခြားတဲ့ ရေပေးဝေမှု့စနစ်ကြောင့် ထင်ရှားပါတယ်။

၃ - Cristo Rendetor Statue
ဘရာဇီးနိုင်ငံရဲ့ အမှတ်လက္ခဏာတစ်ခုဖြစ်တဲ့ Jesus ရုပ်ထုဟာ ကမ္ဘာ့အကြီးဆုံး Art Deco ရုပ်ထုဖြစ်ခါ မီတာ ၃၀ ခန့်မြင့်ပါတယ်။

၎ - Taj Mehal of Agra
India နိုင်ငံရဲ့ ရတနာတစ်ပါးအဖြစ်တင်စားရတဲ့ တာ့ဂ်ျမဟာရဲ့ အတွင်း၊ အပြင် ဗိသုကာ လက်ရာများဟာလည်း အံ့မခန်းဖြစ်ပြီး Mughal empreor Shah Jahan ဟာ သူ့ဇနီးအတွက်

အထိမ်းအမှတ်အနေနဲ့ တည်ဆောက်ခဲ့တာပါ။

၅ - Hagia Sophia
တူရကီက ထင်ရှားတဲ့ ဗလီကျောင်းရဲ့ တည်ဆောက်မှု့လက်ရာဟာလည်း ထူးခြားကောင်းမွန်လှပြီး ယခုအခါမှာတော့ ပြတိုက်အဖြစ် ပြသထားပါတယ်။

၆ - The Hanging Garden of Babylon
နံရံတွေခေါင်မိုးတွေမှာ အပင်တွေစိုက်ခြင်းဟာ ယနေ့ခေတ်မှာမှ ရှိတာမဟုတ်ဘူးဆိုတာကို ဘေဘီလုံမြို့ရဲ့ Hanging Garden က သက်သေပြုနေပါတယ်။ နောက်တစ်ခါ ထပ်မရှိနိုင်တော့မယ့် ဒီဥယျာဉ်ဟာ ကမ္ဘာ့အံ့ဖွယ်တွေထဲက တစ်ခုဖြစ်ထိုက်ပါတယ်။

၇ - Lighthouse of Alexandria
BC ၂၈၀ နဲ့ ၂၄၇ ကြားမှာ Pharos အီဂျစ်နိုင်ငံ Pharos ကျွန်းပေါ်မှာ ဒီမီးပြတိုက်ကို တည်ဆောက်ခဲ့တာပါ။ အမြင့်ပေ ၃၉၃ ကနေ ၄၅၀ ကြားရှိနိုင်တဲ့ ဒီမီးပြတိုက်ဟာ သင်္ဘောသားတွေကို Alexandria ဆိပ်ကမ်းကို လမ်းကြောင်းပြပေးနိုင်ပါတယ်။

၈ - Temple of Artemis
တူရကီနိုင်ငံအနီးမှာ ရှိပါတယ်။ လူအချို့ကတော့ Temple of Diana အဖြစ်ခေါ်ဆိုကြပြီး၊ ပျက်ဆီးခြင်းမပြုမီ ၃ကြိမ်တိုင် ပြန်လည်ဆောက်လုပ်ခဲ့ရပါတယ်။

၉ - Victoria Falls
ဇမ်ဘီယာနဲ့ ဇင်ဘာဘွေ နှစ်နိုင်ငံကြားမှာရှိတဲ့ ဗစ်တိုးရီးယားရေတံခွန်ဟာလည်း အံဖွယ်တစ်ခုပါ။ Zambezi မြစ်ပေါ်မှာရှိပါတယ်။

၁၀ - “Valley of Love” – Lost Wonders of the World
အချစ်တောင်ကြားလို့ခေါ်တွင်ရမယ့် နေရာတစ်ခု အိုင်ယာလန်နိုင်ငံမှာရှိခဲ့တယ်လို့ဆိုပါတယ်။ ပျောက်ဆုံးသွားတဲ့ ကမ္ဘာအမွေအနှစ်တစ်ခုဖြစ်ပြီး အီဂျစ်က ပိရမစ်တွေထက် နှစ်ပေါင်း ၃၀၀၀ ခန့်စောပြီးပေါ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။

ကမ္ဘာပေါ်ရှိအံ့ဖွယ်ရာ နေရာများဟာ ၁၀ ခုမကပဲ အမျိုးမျိုးသော အံ့ဖွယ်ရာများကျန်ရှိနေပါသေးတယ်။ အလျဉ်းသင့်သလို ရှာဖွေဖော်ပြသွားပါတယ်။

ဖော်ပြပါပုံကတော့ Valley of Love ဖြစ်ပါတယ်။

အေးချမ်းမွန် Credit To >သုတဘဏ် <Thanks
https://www.facebook.com/excellencemedia

No comments:

Post a Comment