ကော်ဖီ (သို့မဟုတ်) လက်ဖက် ရည်(tea)ကို တစ်နေ့လေးခွက် သောက်
သုံးပေးခြင်းဟာ အသည်းအဆီ ဖုံးခြင်းကို သက်သာစေပြီး အသည်းကို ပိုမို
ကျန်းမာစေတယ်လို့ သုတေသန တစ်ရပ်မှာ ဖော်ပြထား ပါတယ်။ Duke National University
of Singapore က သုတေသီများရဲ့ လေ့ လာမှုအရ ကဖင်း ဓာတ်ဟာ အသည်း အတွက်
အခုလိုအာနိသင်တွေ ရှိနေ ကြောင်းကို ဖော်ထုတ်နိုင်ခဲ့တာ ဖြစ် ပါတယ်။
ဆီးချိုသွေးချိုရောဂါရှင်တွေနဲ့ အဝလွန်သူတွေရဲ့၇၀%မှာ အသည်း အဆီဖုံးနေပြီး ယမကာမှီဝဲသူတွေမှာ အများဆုံးတွေ့ရတဲ့ အခြေအနေဖြစ် ပါတယ်။ အစားအစာနဲ့ လေ့ကျင့် ခန်းကကုသမှုထက် ပိုထိရောက် တယ်လို့သိရပါတယ်။ ဆဲလ် culture များ နဲ့ ကြွက်သားများမှာ လေ့လာမှုများ အရ ကဖင်း ဓာတ်ဟာ အသည်းမှာ သိုလှောင်နိုင်တဲ့ အဆီဓာတ်တွေရဲ့ ဇီဝဖြစ်ပျက်မှုတွေကို သက်ရောက် မှုရှိပြီး အသည်း အဆီဖုံးခြင်းကို ကာ ကွယ်နိုင်တယ်ဆိုတာကို ဖော်ထုတ် နိုင်ခဲ့ပါတယ်။
တွေ့ရှိမှုအရ နေ့စဉ်ကော်ဖီ သို့မဟုတ် လက်ဖက်ရည် လေးခွက်မျှ သောက်သုံးသူတွေဟာ အသည်း အဆီဖုံးခြင်းကို ကာကွယ်နိုင်တာကို သက်သေပြနိုင်ခဲ့ပါတယ်။ “ကော်ဖီနဲ့ လက်ဖက်ရည်ကရတဲ့ ကဖင်း ဓာတ်ဟာ ကောင်းကျိုး၊ ဆိုးကျိုးဒွန်တွဲနေ ပေမယ့်လည်း ဒီသုတေသနမှာတော့ အသည်းကိုပိုပြီး ကျန်းမာ စေတယ်လို့ မိမိတို့သိရှိခဲ့ပါတယ်” လို့ သုတေသန ခေါင်းဆောင် Dr.Paul Yen က ပြောကြားခဲ့ပါတယ်။
ဒီလေ့လာမှုကို Journal Hepa- tology မှာ ဖော်ပြထားပါတယ်။

မြ၀တီ
No comments:
Post a Comment