“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Tuesday, September 10, 2013

"အစက ကြိုသိခဲ့ရင်ကွယ်"(ဟာသ)

Photo: "အစက ကြိုသိခဲ့ရင်ကွယ်"

လူရွယ်လေးတစ်ယောက် ဆေးဆိုင်တစ်ဆိုင်ထဲ ဝင်လာတယ်
ဆိုင်ရှင်ဦးလေးကြီးက မေးတယ်... ...

"ဘာလိုချင်လို့လဲ ငါ့တူ"
"အဲ... ကွန်ဒုံ"

"ဘယ်နှခုလဲကွ"
"အင်း... အဲ ဘယ်နှခု ဝယ်ရပ့ါ"

"ကိုယ့်ဟာကိုတောင် ဘယ်နှစ်ခုလိုအပ်မှန်း မသိဘူးလား"
"အော် ဦးလေးကလည်း၊ ကောင်မလေးနဲ့က ဒီနေ့ညမှ အပြင်မှာ နှစ်ယောက်ထဲ တွေ့ရမှာဗျ"

"အော်... "
"ဒီတော့ လိုရမယ်ရ တစ်ဒါဇင်ပေး"

ဒါနဲ့...
ကောင်လေးလည်း ကွန်ဒုံဘူးကို ဘောင်းဘီအိတ်ထဲထည့်ပြီး ကောင်မလေးအိမ်ကို ချီတက်ခဲ့တယ်
ကောင်မလေးမိဘတွေက သူ့ကို တွေ့ဖူးချင်တယ်ဆိုလို့ လာတွေ့ရတာလေ
မိဘတွေနဲ့ ညစာစားရင်း စကားစမြည်ပြော၊ ပြီးတာနဲ့ ကောင်မလေးကို အပြင်ခေါ်ထုတ်ပြီး အခြေအနေကောင်းရင်တော့ ... အိုကေပေါ့ အကြံဆိုးကြီးနဲ့

ကောင်မလေးအိမ်ရောက်တော့ ညစာစားပွဲက အဆင်သင့်ဖြစ်နေပြီ
ဒါပေမယ့်...
ကောင်မလေးရဲ့ အဖေ အလုပ်ကပြန်မလာသေးလို့ ခဏစောင့်နေရသေးတယ်
တော်တော်လေးကြာတော့ သူ့အဖေပြန်ရောက်လာတယ်
ဒါနဲ့ ထမင်းဝိုင်းမှာ ထိုင်ကြရော...
ဘာသာရေးထုံးစံအရ ညစာမစားခင် ဆုတောင်းကြတယ်

ခက်တာက...
ခေါင်းကြီးငုံ့ပြီး ဆုတောင်းနေတဲ့ ကောင်လေးခေါင်းက တော်တော်နဲ့ပြန်မော့မလာဘူး
အကြာကြီး ဆုတောင်းနေပုံရတယ်
ဒါနဲ့ ကောင်မလေးက တိုးတိုးလေးကပ်ပြောတယ်... ...

"မောင် ဒီလောက်ထိ ဘာသာတရားကိုင်းရှိုင်းမှန်း အစ,က ကျမ မသိဘူး"

ဒီတော့ ကောင်လေးက ပြန်ပြောတယ်... ...

"လမ်းထိပ်က ဆေးဆိုင်ပိုင်ရှင်ဟာ ချစ်လေး ဖေဖေမှန်း၊ မောင်လည်း အစ,ကမသိဘူး"... တဲ့။

သန်၎ကို-ဘာသာပြန်သည်
https://www.facebook.com/thanlayko

No comments:

Post a Comment