“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Sunday, September 1, 2013

“မနက်တိုင်းတွေးသင့်တဲ့အတွေးများ”

Photo: “မနက်တိုင်းတွေးသင့်တဲ့အတွေးများ”
Sunday, September 1, 2013

ဒီနေ့ အကောင်းဆုံးစိတ်ထားနဲ့ လုပ်သင့်တာတွေ လုပ်မယ်။
ငါ့အတွက် အကျိုးရှိတာ၊ အများအတွက်လည်း အကျိုးရှိတာကို လုပ်မယ်။
ငါဟာ စိတ်ကောင်းရှိတဲ့သူ ဖြစ်တယ်။ ဥာဏ်ရှိတဲ့သူဖြစ်တယ်။
သဘာဝကျကျ တွေးတတ်တဲ့သူဖြစ်တယ်။
မျှတတဲ့သဘောထားရှိတဲ့သူ ဖြစ်တယ်။ 
အများအကျိုး ဆောင်ရွက်ချင်တဲ့သူဖြစ်တယ်။
ငါဟာ ညီညွတ်မူကို မြတ်နိုးတယ်။
တစ်ယောက်နဲ့တစ်ယောက် ညီညီညွတ်ညွတ် ပြောဆိုဆက်ဆံတာကို နှစ်သက်တယ်။
ငါဟာ ကျန်းမာရေးကောင်းတဲ့သူ ဖြစ်တယ်။
ကျန်းမာရေးကောင်းအောင်လည်း အနေအထိုင် အစားအသောက်ကို ဆင်ခြင်တဲ့သူဖြစ်တယ်။
“ငါ့ဘဝမှာ အစစ အရာရာ အဆင်ပြေဖို့ ကျန်းမာရေးကောင်းမှ ဖြစ်မယ်”
ကောင်းတာတွေကိုပဲ များများလုပ်မယ်။
ကောင်းမူကုသိုလ်တွေ များများစုမယ်။

(ဆရာတော်ဦးဇောတိက)
နှလုံးသားအာဟာရ

No comments:

Post a Comment