“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Friday, August 23, 2013

"ဘဲလေးကချေသည်"(ဟာသ)

Photo: "ဘဲလေးကချေသည်"

တခါက လူတစ်ယောက်ဟာ လမ်းဘေးမှာ စည်းဝါးခေါက်ပြီး သီချင်းဆိုနေတယ်
သူ့ရှေ့က ဒန်ခွက်လေးပေါ်မှာတော့ ဘဲလေးတစ်ကောင် က,နေတယ်
ဘယ်ခြေလေး မြှောက်လိုက်၊ ညာခြေလေးမြှောက်လိုက်၊ ပါးစပ်ကလည်း 'ဂတ် ဂတ်' နဲ့ အော်လိုက်
စည်းချက်ဝါးချက်ကို ကျလို့

ခဏနေတော့ ပွဲကြည့်ပရိတ်သတ်ထဲ ရောက်နေတဲ့ ဆပ်ကပ်ဆရာတယောက်က ဘဲလေးကို အတင်းလာဝယ်လို့ ဒေါ်လာငါးထောင်နဲ့ ရောင်းလိုက်ရတယ်
ဒါနဲ့ ဘေးကလူတယောက်က မေးတယ်... ..

'ခင်ဗျား အဲဒီဘဲလေးကို ရောင်းစားလိုက်တော့ နောက်တခါ ပွဲပြစားလို့ မရတော့ဘူးပေါ့'
'နောက်တစ်ကောင်နဲ့ ပြမှာပေါ့ဗျ'

'ဘဲဆိုတဲ့အကောင်က ထုံအအနဲ့ နောက်တကောင်ကို က,တတ်အောင်သင်ပေးဖို့ လွယ်ပါ့မလား'
'ဘယ်သူက အကသင်နေလို့လဲ'

'ဟင်... ဒါဆို ဒန်ခွက်ပေါ်မှာ ဘဲက ဘာလို့ ကနေတာလဲ'
'ခင်ဗျားတို့က က,တယ်ထင်တာကိုးဗျ၊ တကယ်တော့ ဘဲလေးက ခြေထောက်ပူလို့ လှုပ်နေတာ'

'ဘာလို့ ခြေထောက်က ပူရတာလည်း''

'ဒန်ခွက်အောက်မှာ ဖယောင်းတိုင်ထွန်းထားတာလေ'

သန်၎ကို-ဘာသာပြန်သည်

No comments:

Post a Comment