ဝေးကွာနေသော ချစ်သူများ အတွက် တစ်ယောက်၏
နှလုံး ခုန်သံကို တစ်ယောက်က နားထောင်နိုင်သော application သစ်တစ်ရပ်ကို
သုတေသီများက ထုတ်လုပ်ခဲ့ကြောင်း သိရသည်။
အသုံးပြုသူများ အနေဖြင့် Pillow Talk
လက်ပတ်ကြိုးနှင့် ဗြိတိန်ဒီဇိုင်း ကုမ္ပဏီ တစ်ခုဖြစ်သည့် Little Riot
ကုမ္ပဏီမှ တီထွင်ထားသော application တို့ကို ချိတ်ဆက်ခြင်းဖြင့်
မိုင်ပေါင်းများစွာ ဝေးကွာနေသော ချစ်သူ၏ နှလုံးခုန်သံကို ကြားရမည် ဖြစ်သည်။
Pillow Talk လက်ပတ်ကြိုးသည် ၀တ်ဆင် ထားသူ၏
နှလုံးခုန်သံကို ဖမ်းယူပြီး ယင်းနှလုံး ခုန်သံကို Bluetooth မှတစ်ဆင့် iOS
သို့မဟုတ် Android application သို့ ပေးပို့၍ ယင်းမှ တစ်ဆင့်
ချိတ်ဆက်ထားသူ ထံသို့ ပေးပို့ ပေးခြင်းဖြင့် ချိတ်ဆက်ထားသူ နှစ်ဦးစလုံးသည်
နှလုံးခုန်သံ များကို နားဆင်နိုင်မည် ဖြစ်သည်။
Pillow Talk လက်ပတ်ကြိုး တီထွင်မှု
စီမံကိန်းသည် You Tube ပေါ်တွင် ပရိသတ် ၇၅၀၀၀၀ ကျော်၏ ထောက်ခံမှုကို
ရရှိထားပြီး ကမ္ဘာတစ်ဝန်းတွင် ကြိုက်နှစ် သက်သူ
ထောင်ပေါင်းများစွာရှိကြောင်း Little Riot ကုမ္ပဏီက ပြောကြားခဲ့သည်။ မြ၀တီ
No comments:
Post a Comment