“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Wednesday, April 17, 2013

Bus car စီးခြင်း၏ အကျိုးကျေးဇူးများ

 
( ၁ ) ကျပ်ကျပ်သိပ်သပ်ထဲတွင်အတင်းတိုးဝှေ့စီးရ၍ ဘ၀တွင် သိုသိုသိပ်သိပ် နေတတ်လာခြင်း ၊

(၂ ) ကားမရပ်သေးခင် စပယ်ယာမှ တွန်းချ၍ ခုန်ဆင်းရခြင်း၊ ခုန်တက်ရခြင်းတို့ကြောင့် အမျိုးသားများသာမက အမျိုးသမီးများပါ မခုန်အပျံတတ် ကျွမ်းလာခြင်း ၊

(၃ ) ကားမှာ ကျပ်လွန်းသဖြင့် ယိုင်လဲစရာမရှိသောကြောင့် လက်တန်းကို အားပြုကိုင်ထားစရာမလိုခြင်း ၊

(၄ )အကယ်၍ထိုင်စရာနေရာရပါက သိန်း (၁၅၀၀) ပေါက်သလို ပျော်ရွှင်ရခြင်း ၊

(၅) အအေးမိ၍ ဖျားနာပြီး ချွေးငုတ်နေပါက ဆေးထိုး ဆေးသောက်ရန်မလို ကားတိုး စီးရုံ ဖြင့် ချွေးဒီးဒီးကျ၍
ပြန်ကောင်းလာနိုင်ခြင်း ၊

(၆ ) သာမာန်အချိန်တွင် လိပ်ထက်နှေး၍ ပြိုင်လာလျှင် လေထက်မြန်သဖြင့် တစ်နာရီခရီးကို ၁၅ မိနစ်နှင့် ရောက်ခြင်း ၊

(၈ )စပယ်ယာမှ အကြွေ ၁၀၀ ပြန်မအမ်းခြင်း ၊ဟောက်စားလုပ်ခြင်းတို့ အား သည်းခံရပါများ၍ ခန္တီစ(သည်းခံခြင်း)တရားနှင့်ပြည့်စုံလာခြင်း ၊

(၉) ဒါထက်မက "အပေါက်ပိတ်ရင် တစ်ယောက်အစိပ် " ၊
"လက်လွယ်ရင် ဆက်သွယ်နော် " ၊
"လက်တို့တောင်းရင် ရှက်ဖို့ကောင်းတယ် " ၊
"ကွေ့မယ် ကိုင်ထား မကိုင်ထားရင် ယိုင်သွားမယ် "
"မှတ်တိုင်ပါရင် ကြိုပြောနော် ..ကျော်သွားရင် ခေါ်သွားမှာ " စသော ကာရံ ၊နဘေ၊နှင့်ပြည့်စုံ ကုံလုံ ညီညွတ်သော
စကားလုံးကြီးများကို ကြားနာရခြင်း၊

(၁၀) ထို့ပြင် အက၀ါသနာရှင်များအတွက် "နောက်မှာအချောင်ကြီး ၀ါသနာပါရင်ကလို့ရတယ် " ဟုလည်း
အနုပညာဝါသနာရှင်များကို အားပေးအားမြှောက်ပြုပေးခံရခြင်း တို့သာမကပဲ

(၁၁) ကားပေါ်မှ မဆင်းရဲ ဆင်းရဲ နှင့် တွန့်ဆုပ်ဆုပ်ဖြစ်နေသူများအားလည်း မကြောက်စေရန်
"ရဲရဲ ဆင်း ခြောက်ဘီး လုံးရပ်ထားပေးတယ် " ဟု အာမခံ ကောင်းကောင်းပေးခြင်း ၊

စသည့် အကျိုးကျေးဇူးများ ရရှိပါသည် ။

http://crazybag.ning.com/profiles/blog/show?id=4800960%3ABlogPost%3A1621987&xgs=1&xg_source=msg_share_post

No comments:

Post a Comment