ကြက်ဥ လိုပုံစံ တည်ဆောက် ထားတဲ့ကား ဖြစ်ပါတယ်။
ကားလို့တောင် မခေါ်ပါဘူး။ Personal Vehicle လို့ ခေါ်တဲ့ တစ်ယောက်စီး ခရီးတိုသွားလာယာဉ် ဖြစ်ပါတယ်။
မြို့ထဲမှာ အသုံးပြုဖို့ အတွက်ပါ။
လျှပ်စစ် မော်တာနဲ့ အလုပ်လုပ်မယ့်ယာဉ် ဖြစ်ပါတယ်။ ဘယ်ခြေထောက်မှာ
ရှေ့သွားဖို့ နင်းစရာပါပြီး ညာခြေထောက်က နောက်ပြန်သွားဖို့ အသုံးပြုရမှာ
ဖြစ်ပါတယ်။ ဘေးဘယ်ညာ ကွေ့ဖို့က ဘော်ဒီကိုပဲ အသုံးပြုရမှာ ဖြစ်ပါတယ်။
လျှပ်စစ် စက်ဘီး တစ်စီး သွားနှုန်းလောက် ပါပဲ။
ခါးတစ်ဝက်လောက်ထိ အကာအကွယ် ပေးပြီး
စီးမယ်ဆိုရင် ဦးထုပ်ဆောင်း ရပါတယ်။ မတ်တပ်ရပ် ပြီးတော့ စီးရတာ ဖြစ်ပါတယ်။
E4U လို့အမည် ပေးထားတဲ့ယာဉ် ဖြစ်ပြီး တောင်ကိုးရီးယား Hyundai ကားကုမ္မဏီက
ထုတ်တာ ဖြစ်ပါတယ်။
Slash Gear
Aung Kham (Stuff Myanmar)
မြ၀တီ
No comments:
Post a Comment