“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Wednesday, March 20, 2013

ကမ္ဘာ့အမြန်ဆုံး ဖြစ်လာလေမလား Agera R

Photo: ကမ္ဘာ့အမြန်ဆုံး ဖြစ်လာလေမလား Agera R 

ဆွီဒင်နိုင်ငံအခြေဆိုက် Koenigsegg ကုမ္မဏီကလည်း ကမ္ဘာ့ဈေးအကြီးဆုံး နဲ့ အမြန်ဆုံး ပြိုင်ကားတွေကိုပဲ ဦးစားပေးထုတ်လုပ်ပါတယ်။ ယခု အသစ် ထုတ်တဲ့ကားကို ဂျနီဗာ မော်တော်ယာဉ် ပြပွဲမှာ ပြသထားပါတယ်။ 

ကမ္ဘာ့အမြန်ဆုံးဖြစ်လာမယ်လို့ဆိုထားပါတယ်။ Agera R လို့အမည်ရပြီး မြင်းကောင်ရေအား ထုတ်လုပ်မှု ၁၁၄၀ ရှိပြီး တစ်နာရီ ၂၇၃ မိုင်အထိ top speed တင်နိုင်မယ်လို့ သီအိုရီဆန်ဆန် တွက်ချက်ပြသ ထားပါတယ်။ အင်ဂျင်အရွယ် ၅၀၀၀ စီစီ၊ ဆလင်ဒါ ၈လုံးပူး အင်ဂျင်ပေမယ့် မြင်းကောင်ရေအား ထုတ်လုပ်မှု ထောင်ကျော်အောင် ဆီအချိုး ပေါင်းစပ်မှု နည်းပညာ အဆင်မြင့်ထားပါတယ်။ 

ဒီဇိုင်းအားဖြင့်လည်း အပြစ်ပြောစရာ တောင် မရှိပါဘူး။ McLaren P1 နဲ့ Ferrari LaFerrari တို့လို ပြိုင်ကားကို အသာလေး ကျော်နိုင်မယ်လို့ ပြောဆို ကြပါတယ်။ ၂၀၁၃ နှစ်ကုန်ပိုင်းမှာ ဖြန့်ချိမယ့် စူပါကား ဖြစ်ကြောင်း သိရပါတယ်။ 
--
Ref: autoblog

ColayOnline:Automobile

http://www.facebook.com/MyawadyNews 

No comments:

Post a Comment