“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Monday, February 4, 2013

ကာလသားရောဂါဆိုတာဘာလဲ

Photo: ကာလသားရောဂါဆိုတာဘာလဲ  ...............
( ကျန်းမာရေး အသိရှိစေရန် )

ကာလသားရောဂါ (Veneral Disease)  အုပ်စုလို့ခေါ်ခဲ့ပါတယ်။ ယခုတော့ Sexually Transmitted Infectionလို့ခေါ်ပါတယ်။ Infection ဆိုတာ မြန်မာလိုတော့ ကူးစက်ခြင်း၊ရောဂါပိုးဝင်ခြင်းဖြစ်ပါတယ်။ အဲဒီ Infection မှာ ရောဂါပိုးအမျိုး (၃ဝ)ထက် ပိုရှိပါတယ်။ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ၊ ကပ်ပါးကောင်တွေကပေးတဲ့ ရောဂါတွေ ဖြစ်ပါတယ်။
 
ဘယ်လိုလူတွေဆီက ကူးစက်နိုင်ပါသလဲ ... ဒီရောဂါတွေကို Prostitute (or) Commercial Sex Workers လို့ခေါ်တဲ့ ကြေးစားအမျိုး သမီးတွေဆီမှ ရတယ်လို့ ယူဆခဲ့ကြပေမယ့် အခုခေတ်မှာ Prost (CSW) တစ်ခုထဲမဟုတ်ပါဘူး။ သင့်ရဲ့အချစ်၊ သင်ကိုယ်တိုင်ယုံကြည်ပြီး ချစ်တဲ့သူတွေဆီကလည်း ရနိုင်ပါတယ်။ တစ်ချို့ကလည်း ပြောသေးတယ် ''ကျွန်တော်တစ်ခါဘဲ သွားမိပါတယ်။ တစ်ကြိမ်ဘဲ သွားမိပါတယ်။ ဘယ်လိုလုပ်ရမလဲ ဆိုတာမျိုးပေါ့။ အရေအတွက်နဲ့လည်း မဆိုင်ပါဘူး။ တစ်ကြိမ်တည်းနဲ့လည်း ရောဂါရနိုင်ပါ တယ်။

အပြင်သွားမှမဟုတ်ပါဘူး။ ကိုယ့်ရဲ့ sex partner  မှန်သမျှဆီကရနိုင်ပါတယ်။ အထူးသဖြင့် Multiple Sex Partnerရှိတဲ့သူကပိုဆိုးပါတယ်။ အခုခေတ်မှာ နိုင်ငံတကာအစိုးရတိုင်းက Condom တွေသုံးဖို့ တိုက်တွန်းနေပါတယ်။ Condom သုံးရင် လိင်ဆက်ဆံခြင်းကြောင့် ရရှိနိုင်သောရောဂါများကို ကာကွယ်နိုင်ပါတယ်။ သို့သော်လူတွေက ကြေးစားကောင်မလေးတွေဆီသွားရင် Condomကိုအမြဲတမ်း မလွဲမသွေသုံးတယ်။ ကိုယ်ချစ်တဲ့၊ ကိုယ်တွဲတဲ့၊ ကိုယ်သိနေတဲ့သူဆိုရင် CONDOM  မသုံးကြပါဘူး။ အဲဒီတော့ရောဂါကို  Sex Workers တွေသာမက ကိုယ်အယုံကြည်ရဆုံး ဆိုတဲ့သူတွေဆီကလည်း ရနိုင်တယ်ဆိုတာကို အသိပေးလိုပါတယ်။

http://www.facebook.com/mg.mandalay

No comments:

Post a Comment