“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Wednesday, January 23, 2013

“ကန်တော့ပါသည် အို... အမိ”

Photo: “ကန်တော့ပါသည် အို... အမိ”
*******************

ကျောင်းမနေရှာ၊ ဖြတ်သန်းပါ၍
စာမတတ်သည့်၊ င့ါအမိသည်
သတိနှင့်သာ နေခဲ့၏
ကန်တော့ပါသည် အို... အမိ။

လုပ်ကိုင်ပင်ပန်း၊ ဒုက္ခလမ်း၌
မကျန်းမာသည့်၊ ငါ့အမိသည်
သတ္တိနှင့်သာ နေခဲ့၏။
ကန်တော့ပါသည် အို... အမိ။

ငွေကြေးဥစ္စာ၊ မချမ်းသာလည်း
ဝမ်းသာရှာ၏။ င့ါအမိသည်
ချစ်သည့်သားနှင့် နေခဲ့၏။
ကန်တော့ပါသည် အို... အမိ။

ကွယ်လွန်ခဲ့ရာ၊ ကြာခဲ့ပါလည်း
ရင်မှာလွမ်းမိ၊ င့ါအမိကို
သတိရလျက်၊ အောင့်မေ့လျက်နှင့်
အိပ်မက်ထဲတွင်၊ အမြဲမြင်သည်
ပြုံးရွှင်ပါလျက်၊ တွေ့ပါလျက်ကြောင့်
မြမျက်ရည်ဖြင့် ပူဇော်၏။
ကန်တော့ပါသည် အို... အမိ။

ပျဉ်မနား မောင်နီသင်း
ကျောင်းမနေရှာ၊ ဖြတ်သန်းပါ၍
စာမတတ်သည့်၊ င့ါအမိသည်
သတိနှင့်သာ နေခဲ့၏
ကန်တော့ပါသည် အို... အမိ။

လုပ်ကိုင်ပင်ပန်း၊ ဒုက္ခလမ်း၌
မကျန်းမာသည့်၊ ငါ့အမိသည်
သတ္တိနှင့်သာ နေခဲ့၏။
ကန်တော့ပါသည် အို... အမိ။

ငွေကြေးဥစ္စာ၊ မချမ်းသာလည်း
ဝမ်းသာရှာ၏။ င့ါအမိသည်
ချစ်သည့်သားနှင့် နေခဲ့၏။
ကန်တော့ပါသည် အို... အမိ။

ကွယ်လွန်ခဲ့ရာ၊ ကြာခဲ့ပါလည်း
ရင်မှာလွမ်းမိ၊ င့ါအမိကို
သတိရလျက်၊ အောင့်မေ့လျက်နှင့်
အိပ်မက်ထဲတွင်၊ အမြဲမြင်သည်
ပြုံးရွှင်ပါလျက်၊ တွေ့ပါလျက်ကြောင့်
မြမျက်ရည်ဖြင့် ပူဇော်၏။
ကန်တော့ပါသည် အို... အမိ။

ပျဉ်မနား မောင်နီသင်း

No comments:

Post a Comment