မြန်မာတစ်နိုင်ငံလုံးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ
ဈေးကွက်များအတွင်း ကင်ဆာဖြစ်စေပြီး မျိုးရိုးဗီဇကိုပါ ထိခိုက်စေနိုင်သည့် ဓာတုဆိုးဆေးများ အသုံးပြုထားသည့် ငရုတ်သီးမှုန့်များနှင့် နနွင်းမှုန့်များ စစ်ဆေးတွေ့ရှိရကြောင်း သတင်းရရှိသည်။
၂၀၁၂ ခုနှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဈေးကွက်များအတွင်း ရောင်းချနေသည့် ငရုတ်သီးမှုန့်၊ နနွင်းမှုန့် နမူနာပေါင်း ၁၀၀၀ နီးပါးအား ကောက်ယူကာ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခဲ့ပြီး ငရုတ်သီးမှုန့် အမှတ်တံဆိပ် ၂၀ နှင့် နနွင်းမှုန့်ထုတ်လုပ်သည့် အမှတ်တံဆိပ်နှစ်မျိုးတို့တွင် စားသုံးရန်မသင့်သည့် ဓာတုဆိုးဆေးများ အသုံးပြုထားကြောင်း ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

News
http://www.facebook.com/mg.mandalay
No comments:
Post a Comment