“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Sunday, September 8, 2013

တီဗီမှာဆိုရင်(ဟာသ)

Photo: တီဗီမှာဆိုရင်......

လူတစ်ယောက်သည်ရင်းနှီးသော မိတ်ဆွေ တစ်ချို့ကို ခေါ် ၍ သူ၏ မွေးနေ့ပွဲကို ကျင်းပလေ သည်။

ညစာကျွေးမွေးပီးနောက်.....မွေးနေ့ရှင်ဖြစ်သူ အိမ်ရှင်က သူဝါသနာပါသည့် အကော်ဒီယံ ကိုတီးပီး ဖျော်ဖြေ ၏။

သီချင်းတစ်ပုဒ် ဆိုလိုက် ၊ အကော်ဒီယံ တီးလိုက် ဖြင့် ဖျော်ဖြေနေသော အိမ်ရှင်ကို သူ၏ သမီးဖြစ်သူကပါ သီချင်းကူ၍ဆိုပေးနေသည်။

သီချင်း ပီးဆုံးသွားသောအခါ အားလုံးက လက်ခုပ်တီး ကာ အားပေးကြလေသည်။ 

သို့သော် စိတ်ဝင်တစားနားထောင်နေသောဧည့်သည်တစ်ယောက်က.....

" ဒီ သီချင်းကို ကျနော် မကြား ဘူးသေးဘူး....."..ဟုပြောလိုက်ရာ.....။

အိမ်ရှင်မှ....." ..ကျုပ် ကိုယ်တိုင် ရေးထားတာဗျ.."  .........ဟု ဂုဏ်ယူ ၀င့်ကြွားစွာ ပြောလိုက်လေသည်။

" ဒါဆို ရေဒီယိုမှာပဲဖြစ်ဖြစ်.......တီဗီမှာပဲ ဖြစ်ဖြစ် ဆို ရင်သိပ်ကောင်းမှာပဲ "....... ဟု ဆိုပြန်လေ၏။

ထိုအခါ အိမ်ရှင်မှာ မှိုရသောမျက်နှာဖြင့်.......

ဘာလဲ....ကျနော့် သီချင်းက တော်တော် ကောင်းနေလို့လားဗျ......ဟုဝမ်းသာအားရသံဖြင့် ပြန်မေးလေသည်။

ထိုအခါ ဧည့်သည်မှ......မျက်မှောင်ကျုပ်ရင်း......ပြောလိုက်တာက.....

" တီဗီမှာဆိုရင် ခလုပ် ပိတ်ထားလိုက်လို့ ရတယ်လေ.."....တဲ့

တိန်

ရီမောပျော်ရွှင်ပါစေ

ကိုလုံ ( Lon Ely...)

No comments:

Post a Comment