“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Tuesday, June 4, 2013

ကမ္ဘာကြီးကို ပြောင်းပြန်မြင်နေရသူအမျိုးသမီး

အမျိုးသမီးတွေ မြေပုံစာရွက်ကို မဖတ်တတ်ဘူးလို့ ပြောချင်တာလား ဒါဆို ဒီသတင်းလေးဖတ်ကြည့်ပါဦး
တကယ်တော့စာသားတွေကို ပြောင်းပြန်ဖတ်ဖို့ဆိုတာ မလွယ်ကူတဲ့အလုပ်ဖြစ်ကြောင်းသင်သိမှာပါ ဒါပေ
မယ့် အခု ဆိုက်ဘေးရီးယားက အမျိုးသမီးတစ်ဦးကတော့ စာတွေကိုပြောင်းပြန်ဖတ်နိုင်စွမ်းရှိပါတယ် ။ သူ့
နာမည်ကို Bohana Danilovic လို့ခေါ်ပြီးအသက်က ၂၈ နှစ်ဝန်းကျင် ဆိုက်ဘေးရီးးယား ကောင်စီအလုပ်
သမားတစ်ဦးဖြစ်တယ် ။ သူ့ဦးနှောက် ဖြစ်စဉ်တွင်းရဲ့ပုံရိပ်ဖော်မှုအပိုင်းမှာ ထူးထူးဆန်းဆန်းတွေဖြစ်ပေါ်နေ
လျှက်ရှိပါတယ် ။

ကျွန်တော်တို့မြင်နေရတာတွေက အတည့်အတိုင်းဖြစ်ပေမယ့် သူမကတော့ ပြောင်းပြန်တွေပဲမြင်နေခဲ့တယ် ။
သူမအတွက်တော့ တစ်ကမ္ဘာလုံးဟာ ဇောက်ထိုးမိုးမျှော်တွေပါပဲ ။ အမေရိကန် ဟားဗတ်တက္ကသိုလ်မှ
Ms Danilovic ကတော့ ဒါဟာ Spatial Orientation Phenomenon လို့ခေါ်တဲ့အခြေအနေတစ်မျိုးခံစား

နေရတာလို့ဆိုတယ် ။ ဒန်နီလိုဗစ်လို အခြေအနေမျိုးကြုံတွေ့သူတွေရှိပေမယ့်သူတို့ဟာစာကိုပဲ အပေါ်
အောက်ရေးနိုင်ဖတ်နိုင်ကြပေမယ့် ဒန်နီလိုဗစ်လိုတော့ တစ်ကမ္ဘာလုံးပြောင်းပြန်မြင်နေတာတော့မဟုတ်
ပါဘူး ။ “ ဘာကြောင့် ဒီလိုဖြစ်တယ်ဆိုတာ ကျမ တိတိကျကျမသိပါဘူး ဒီလိုဖြစ်လာတယ် ကျမဦးနှောက်
ထဲကဘယ်နေရာမှာ ဘာတွေဖြစ်နေကြပါလိမ့် ” လို့ လွန်ခဲ့တဲ့အပတ်က ဒန်နီလိုဗစ်ကပြောခဲ့တယ် ။ “ သူ
တို့ကပြောတယ် ကျမလိုပဲ စာတွေပြောင်းပြန်ရေးနိုင်တဲ့သူတွေ ဖတ်နိုင်တဲ့သူတွေ သမိုင်းမှာ ကြုံခဲ့ဖူးတယ်
တဲ့ ဒါပေမယ့် ကျွန်မလို အခြေအနေတစ်ရပ်လုံးတော့မတူညီကြပါဘူး ”

သူမအတွက်ကို ပြောင်းပြန်လှန်ထားတဲ့ကွန်ပြူတာနဲ့ အထူးပြုလုပ်ထားတဲ့ ကီးဘုတ်တစ်ခု မှာယူထား
ရပါတယ် ။ ခက်ခဲတဲ့တစ်နေ့တာကို ဖြတ်သန်းပြီးအိမ်ပြန်ရောက်ပြီဆိုရင် မိသားစုက တခြားမှာ တီဗွီတစ်
လုံးနဲ့ကြည့်တယ် သူမက သပ်သပ်တစ်လုံးနဲ့ကြည့်ပါတယ် ။

Source : News.com.au

Read More : http://www.thettantcho.com/2013/06/blog-post_6879.html

သက်တန့်ချို ဘာသာပြန်သည် ။

https://www.facebook.com/photo.php?fbid=576203009068320&set=a.5...

No comments:

Post a Comment