“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Sunday, June 16, 2013

ခင်ပွန်းကြီး ၁၀ ပါး ကန်တော့ခြင်း

Photo: ခင်ပွန်းကြီး ၁၀ ပါး ကန်တော့ခြင်း 
-----------------------------------
ဘုရားတပည့်တော်သည် သံသရာအစမှစ၍ ယနေ့တိုင်အောင်……

၁။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးတို့အပေါ်၌

၂။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓါအရှင် ကိုယ်တော်မြတ်ကြီးတို့အပေါ်၌

၃။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော အဂ္ဂသာဝက ၊ မဟာသာဝက ရဟန္တာ ကိုယ်တော်ြ မတ်ကြီး တို့ အေ ပါ် ၌

၎။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ရဟန္တာ အရှင်မြတ်ကြီးတို့အပေါ်၌

၅။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မိခင် တို့အပေါ်၌

၆။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ဖခင် တို့အပေါ်၌

၇။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော လိမ္မာစေရန် ကျိုးကြောင်းပြ၍ ဆုံးမတက်သော ဆရာသမား တို့ အေ ပါ်၌

၈။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော သီလဂုဏ်၊ ပညာဂုဏ် တို့ကို ဆည်းပူးဖြည့်ကျင့် လျက် ရှိကြ ကုန်သော လူပုဂ္ဂိုလ် ၊ ရဟန်းပုဂ္ဂိုလ် ၊ အရိယာပုဂ္ဂိုလ် ၊ မိမိထက် သိက္ခာအရွယ်ကြီးမားသူ တို့အပေါ်၌

၉။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော တရားဓမ္မတို့ကို ဟောပြောပြသ ဆုံးမတက်သော ဆရာသမား တို့၏ အပေါ်၌

၁၀။ ထမင်းတစ်လုပ် ၊ ရေတစ်မှုတ် 

စသည်ဖြင့် ပေးကမ်းချီးမြှင့် ထောက်ပံ့ပေးဖူးသော ကျေးဇူးရှင်ပုဂ္ဂိုလ် တို့ ၏ အပေါ်၌ ကာယကံ ၊ ၀စီကံ ၊ မနောကံ ၊ သုံးပါးသော ကံတို့ဖြင့် ပြစ်မှားမိခဲ့သည်ရှိခဲ့ပါသော် ထိုအပြစ် တို့ကို ပျောက်ပါစေခြင်းအကျိုးငှါ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ ဘုရား…။

ဤသို့ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ရသော ကောင်းမှုကံ စေတနာတို့ကြောင့် အလုံးစုံသော ဘေးရော ဂါ အန္တရယ် အပေါင်းတို့မှ ကင်းဝေးပြီးလျှင် မြတ်စွာ ဘုရားရှင် ဟောကြားတော်မူသော သစ္စာေ လးပါး မြတ်တရားကို ကောင်းစွာ သိမြင်၍ နိဗ္ဗာန်သို့ ၀င်နိုင်သော ကိုယ်ဖြစ်ရပါစေသား အရှင်ဘုရား။ လောကီ မင်္ဂလာ အဖြာဖြာတို့သည်လည်း စိတ်ကြံတိုင်း တောင့်တတိုင်း လွယ်ကူ လျင်မြန်စွာ ပြည့်စုံ၍ ၊ နှလုံး စိတ်ဝမ်း အေးချမ်းရပါစေ အရှင်ဘုရား။
==============================================
ခင်ပွန်းကြီး(၁၀)ပါး နှင့် ခင်ပွန်းကြီး(၁၀)ပါးကို ပြစ်မှားမိပါက ကျရောက်တတ်သော ဒဏ်ကြီး(၁၀)ပါး
၁။သမ္မာ သဗ္ဗုဒ္ဓဘုရား
၂။ပစ္စေက ဗုဒ္ဓါ
၃။ရဟန္တာ
၎။အဂ္ဂသာဝက
၅။မိခင်
၆။ဖခင်
၇။အလေးဂရုပြုထိုက်သူ
၈။တရားဟောဆရာ
၉။အတတ်ပညာသင်ပေးသူ
၁၀။ ကျွေးဖူး ပေးဖူးသူ

ဤသူများ ကို ကာယကံ ၊၀စီကံ မနောကံ၊ တို့ ဖြင့်ပြစ်မှား စော်ကားမိပါက ရရှိနိုင်မယ့် ဒဏ်ကြီး(၁၀) ပါး ကတော့
၁။ ဝေဒနာကြီးမား
၂။လျော့ပါးစည်းစိမ်
၃။နေအိမ်မီးလောင်
၎။အင်္ဂါကျိုးပြတ်
၅။နူနာဝဲစွဲ
၆။စိတ်ဖောက်ရူးသွပ်
၇။ မမှန်စွပ်စွဲ
၈။မင်းပြစ်ဒဏ်သင့်
၉။ပြိုကွဲမျိုးဆွေ
၁၀။ရွှေငွေ ကျွဲနွား ယွင်းဖောက်ပြားက ဆယ်ပါးမျက်မှောက် ဒဏ်ကြီးရောက်၍ နောက်၌မသွေ သေပြန်ေ လသော် ငရဲ ကြီးစွာ လားဖို့ ရာတည်း ။
တရား ဗဟုသုတ တိုးပွါးနိုင်ကြပါစေ...။
(ဓမ္မရံသီဆရာတော် ဦးသုနန္ဒ)

မြတ်ဗုဒ္ဓအလင်း

No comments:

Post a Comment