“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Tuesday, April 2, 2013

ချစ်သူက ပြန်ချစ်စေချင်သလား

Photo: ချစ်သူက ပြန်ချစ်စေချင်သလား
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

အချစ်ဆိုတာကို အမျိုးမျိုး အဓိပ္ပာယ်ဖွင့်ကြတယ်။ ကျွန်တော်ကတော့ တစ်နည်း အဓိပ္ပာယ် ဖွင့်ချင်တယ်။

အချစ်ဆိုတာက ရယူခြင်းဆိုတာ သေချာပါတယ်။ မေတ္တာဆိုတာက ပေးဆပ်ခြင်းပါ။

အချစ်ပာာ ဘယ်လောက်ပဲ ကြီးမားလာပါစေ။ မေတ္တာကို မမီဘူး။ လူတစ်ယောက်ပာာ ကိုယ့်အပေါ်ကို ချစ်လာအောင် ဘယ်လိုလုပ်သင့်သလဲ။ မေတ္တာရှိလာအောင် ဘယ်လို လုပ်သင့်သလဲ။

သူက ကိုယ့်ကို ပြန်မချစ်ခင် ကိုယ်ကကော သူ့ကို ဘယ်လို ချစ်တာလဲ။ ရယူခြင်းလား။ ပေးဆပ်ခြင်းလား။ ရယူခြင်းနဲ့ချစ်ရင်တော့ မရနိုင်တော့တဲ့အခါ ပွဲသိမ်းပြီ။ ဆက်မချစ်တော့ဘူး။ ပေးဆပ်ခြင်းနဲ့ ချစ်ရင်တော့ သူ့အချစ်ကို ရသည်ဖြစ်စေ
မရသည် ဖြစ်စေ ချစ်နေမှာပါ။

ရယူခြင်းနဲ့ ချစ်တယ်ဆိုရင် ဘယ်လို လုပ်ရမလဲ။

ဘယ်လို အချစ်ပဲဖြစ်ဖြစ် သံယောဇဉ်က စတင်လာတာပါ။ သံယောဇဉ်ပာာ နီးစပ်မှုက စတာ။ နီးစပ်မှုပာာ ခင်မင်မှုက စတင်တာ။ ခင်မင်မှုပာာ ပက်သက်မှုက စတင်တာ။ ပက်သက်မှုပာာ အကြောင်းတိုက်ဆိုင်မှုက စတင်တာ။

အချစ်ဆီကို ရောက်ချင်ရင် အကြောင်းတိုက်ဆိုင်မှုကို အရင် ဖန်တီးသင့်တယ်။ ပက်သက်မှုကို ဖန်တီးသင့်တယ်။ ပက်သက်မှုရှိလာရင် အလိုလို ခင်မင်မှု ဖြစ်လာတယ်။

ခင်မင်မှုကို အားကောင်းအောင်ကြိုးစားမှ ရမှာပါ။ ဒါမှ နီးစပ်မှုက ရှိလာမှာပါ။ နီးစပ်မှုအားကောင်းလာရင် သံယောဇဉ်က အလိုလိုဖြစ်လာတယ်။ ဒီအဆင့်ကို ရောက်ပြီဆိုရင် သူ့အချစ်ကို ရဖို့ မခက်တော့ပါဘူး။

ပြည်ငြိမ်း

No comments:

Post a Comment