“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Saturday, April 13, 2013

ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦးများ

ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦးများ အကြောင်းကို အမှတ်စဉ် (၁)မှ (၁၀)
အထိတင်ပြချင်ပါတယ်။ မှတ်တမ်းတွေက တစ်ခုနှင့်တစ်ခု အနည်းငယ် ကွဲလွဲမှု
တွေရှိပါတယ်။ ဒါကလည်း နောက်ဆုံးတည်ဆောက်မှုတွေ တစ်ခုပြီးတစ်ခု တိုးလာ
လို့ ပါ။အခုဒီပိုစ့်ဟာလည်း နောင် နှစ်များမှာဆိုရင် ကွဲလွဲမှုတွေ ရှိလာအုံးမှာပါ။
သူငယ်ချင်းတို့ဆက်ပြီး ကြည့်လိုက်ကြပါအုံးနော်...
(၁) Burj Khalifa


၂၀၁၀ ထဲက ကမ္ဘာ့အမြင့်ဆုံးလို့စာရင်းဝင်ထားတာပါ။  21 September 2004 မှာ
စတင်တည်ဆောက်ခဲ့ပြီး 1 October 2009 မှာတော့ ပြီးစီးခဲ့ပါတယ်။
စတင်ဖွင့်လှစ်တာကတော့ 4 January 2010 မှပါ။ ယူအေအီး နိုင်ငံ ဒူဘိုင်းမှာ
တည်ရှိပြီး 828 m (သို့) 2,717 ပေ မြင့်ပါတယ်။ ၁၆၃ထပ်ရှိပါတယ်။

(၂) Makkah Royal Clock Tower Hotel

ဆော်ဒီအာရေဗျ နိုင်ငံ  Mecca မြို့မှာတည်ရှိပါတယ်။ 601 m (သို့)
1,971 ပေမြင့်ပါတယ်။ ၁၂၀ ထပ် ရှိပါတယ်။ ၂၀၀၄ မှာ စတင်ခဲ့ပြီး
၂၀၁၂ မှာ တည်ဆောက်ပြီးခဲ့ပါတယ်။ ဒီအဆောက်အဦး ဟာ ကမ္ဘာ့အမြင့်ဆုံး
နာရီစင် အဖြစ်မှတ်တမ်းဝင်ထားပါတယ်။ ကမ္ဘာ့အကြီးဆုံး နာရီမျက်နှာပြင်
တည်ရှိရာဖြစ်ပြီး ကမ္ဘာ့အကျယ်ဆုံး အောက်ခြေ ဧရီယာ တည်ရှိရာ အဆောက်အဦး
တစ်ခုလည်းဖြစ်ပါတယ်။ ဟော်တယ်အဖြစ် ပေါင်းစပ်တည်ဆောက်ထားပါတယ်။

( ၃ ) One World Trade Center

အမေရိကန်နိုင်ငံ နယူးယောက်မှာတည်ရှိပါတယ်။ 541 m (သို့) 1,776 ပေမြင့်ပါတယ်။
၂၀၀၆ ထဲက ဆောက်နေပြီး ၂၀၁၃ မှာ ဖွင့်နိုင်ဖို့ပြင်ဆင်နေပါတယ်။
၁၀၄ ထပ်ရှိပါတယ်။

(၄) Taipei 101

ထိုင်ဝမ်မှာ တညရှိတာပါ။ 509 m (သို့) 1,670 ပေ မြင့်ပါတယ်။
အထပ်ပေါင်း ၁၀၁ ထပ်ရှိပါတယ်။ ဒီအဆောက်အဦးဟာ ၁၉၉၉ မှာ စတင်
ခဲ့ပြီး ၂၀၀၄ မှာပြီးစီးခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှ စကာ ၂၀၁၀ ခုနှစ်အထိ ကမ္ဘာ့
အမြင့်ဆုံးအဖြစ် မှတ်တမ်းဝင်ထားပါတယ်။

(၅) Shanghai World Financial Center

တရုတ်နိုင်ငံ မှာတည်ရှိပြီး ၁၀၁ ထပ်မြင့်ပါတယ်။
492 m (သို့) 1,614 ပေ မြင့်ပါတယ်။ ၁၉၉၇ မှာ စဆောက်ပြီး
၂၀၀၈ မှာ ပြီးစီးခဲ့ပါတယ်။

(၆) International Commerce Centre

ဟောင်ကောင်မှာတည်ရှိပြီး ၁၁၈ ထပ်မြင့်ပါတယ်။
484 m (သို့) 1,588 ပေမြင့်ပါတယ်။ ၂၀၀၂ မှာ စပြီး ၂၀၁၀ မှာ
ပြီးစီးခဲ့ပါတယ်။

(၇) Petronas Tower(၁) နှင့် (၂)

အမှန်ဆို အမှတ်စဉ် ၇ နှင့် ၈ ထားရမှာပါ။ မျှော်စင်ညီနောင်မို့
လို့ ပြီးတော့ အတူတူတည်ဆောက်တာမို့ ဒီအတိုင်ပဲတင်လိုက်ပါတယ်။
မလေးရှားနိုင်ငံမှာ တည်ရှိပြီး တစ်ခုစီအမြင့်ဟာ 452 m (သို့) 1,483 ပေ
မြင့်ပါတယ်။ ၈၈ ထပ်စီ ရှိပါတယ်။  Taipei 101 မရှိခင် ၂၀၀၄ အထိ ကမ္ဘာ့
အမြင့်ဆုံး ဖြစ်ခဲ့ပါသေးတယ်။

(၈) Zifeng Tower

တရုတ်နိုင်ငံ မှာပဲတည်ရှိတာပါ။ 450-metre (1,480ပေ) မြင့်ပါတယ်။
၈၉ ထပ်ရှိပါတယ်။ ၂၀၀၅ မှ ၂၀၀၉ ထိတည်ဆောက်ခဲ့ပါတယ်။

(၉) Willis Tower

အမေရိကန် ၊ ချီကာဂို မှာတည်ရှိပါတယ်။ 442 m (သို့) 1,450 ပေမြင့်ပါတယ်။
ဒီစာရင်ထဲမှာတော့ သက်တမ်းအရင့်ဆုံးပါပဲ။ ၁၉၇၀ မှစတင်ခဲ့ပြီး ၁၉၇၃ မှာ
ပြီးစီးခဲ့ပါတယ်။ ၁၀၈ ထပ်ရှိပါတယ်။

(၁၁) Kingkey 100

တရုတ်နိုင်ငံ မှာ တည်ရှိပြီးတော့ 442 m (သို့) 1,449 ပေ မြင့်ပါတယ်။
အထပ်ပေါင်း ၁၀၀ ရှိပြီး ၂၀၀၇ မှစတင်တည်ဆောက်ကာ ၂၀၁၁ မှာ
ပြီးစီးဖွင့်လှစ်နိုင်ခဲ့ပါတယ်။

သူငယ်ချင်းတို့ ဒီလောက်ဆိုရင် ကျေနပ်လောက်မှာပါ။ ဒီစာရင်းထဲမှာ
အထိမ်းအမှတ်အတွက် တည်ဆောက်လေ့ရှိကြတဲ့ မျှော်စင်တွေကို မထည့်ထားပါဘူး။
ရှုပ်သွားမှာ စိုးလို့ပါ။ နောင်စိတ်ဝင်စားကြရင် ထပ်တင်ပေးပါ့မယ်။ မြန်မာပြည်က
အဆောက်အဦးတွေကတော့ မပါဘူးဗျ။ wiki မှာလည်း အထပ် ၅၀ ကျော်မှ စာရင်း
သွင်းတယ်နဲ့တူပါတယ်။ နောက်ဆိုရင်တော့ ပါလာမှာပါ......
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ................နေခရမ်း

မူရင်း ။     ။ နေခရမ်း(ထူးဆန်းထွေလာ)

No comments:

Post a Comment