“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Tuesday, March 26, 2013

“စွမ်းအားဖြည့်အချိုရည်များ သွေးတိုးမှုဖြစ်စေကြောင်း သုတေသီများ သတိပေး”

Photo: “စွမ်းအားဖြည့်အချိုရည်များ သွေးတိုးမှုဖြစ်စေကြောင်း သုတေသီများ သတိပေး”

စွမ်းအားဖြည့် အချိုရည်များသည် သွေးတိုးမှုကို မြင့်တက်စေနိုင်ကြောင်း သုတေသီများက သတိပေး ပြောကြားလိုက်သည်။ စွမ်းအားဖြည့် အချိုရည် အများအပြား သောက်သုံးခြင်းသည် နှလုံး၏ စည်းချက်ကျကျ လှုပ်ရှားမှုကို အနှောင့်အယှက် ဖြစ်စေကာ သွေးစီးဆင်းမှုအပေါ် သက်ရောက်နိုင်ပြီး သွေးတိုးရန် အခြေအနေ များလာစေကြောင်း အမေရိကန် နှလုံးဆိုင်ရာ အဖွဲ့ချုပ် သိပ္ပံနည်းကျ လေ့လာမှုဌာန၏ သုတေသီများက ဖော်ထုတ် တွေ့ရှိခဲ့သည်။

ကြာသပတေးနေ့က အဆိုပါ တွေ့ရှိချက်နှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များကို ကျန်းမာရေးဌာန တာဝန်ရှိသူများက Presentation တစ်ခုဖြင့် ပြသခဲ့သည်။ သုတေသီများက ယခင်တွေ့ရှိမှု အခြေအနေများကိုပါ ပြန်လည် ဆန်းစစ်ကာ အချက်အလက်များ စုဆောင်းပြီး အားဖြည့်အချိုရည်များ အလွန်အကျွံ သောက်သုံးခြင်းကြောင့် နှလုံးကို ထိခိုက်နိုင်ကြောင်း အသိပေးခဲ့ခြင်း ဖြစ်သည်။ 

Planet Myanmar Network

No comments:

Post a Comment