“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”
Wednesday, February 20, 2013
ယပ်တောင်....
Photo: ယပ်တောင်....
နိုင်ငံခြားသား တိုးရစ် တယောက် က မြန်မာပြည် ကို အလည် ရောက် တော့
 နံ့သာဖြူ သားနဲ့ လုပ် ထားတဲ့ ယပ်တောင် တွေ ရောင်းတဲ့ ဆိုင် ထဲကို ဈေးဝင် ၀ယ် ပါတယ်။
 နံ့သာဖြူ သား ယပ်တောင် တွေ က လက်ယာ အလွန်မြောက် တဲ့ အပြင် ထည့် ထား တဲ့ ဗူးပေါ်မှာ လည်း
 Lifetime Warranty ဆိုပြီး ထင်ထင်ရှားရှားရေးထားတောသူ တော်တော် သဘော ကျပြီး..
အဲဒီ ယပ်တောင် တချောင်း ကို ဈေး မဆစ် ပဲ ၀ယ် သွားပါတယ်။
အဲဒီ တိုးရစ် က သူ့ နိုင် ငံ ရောက် တော့ သူရဲ့ချစ်သူ ကို ပြည်တော် ပြန် လက်ဆောင်အဖြစ် ၀ယ် လာ တဲ့ ယပ်တောင် ကို ပေးလိုက် ပါတယ်။
 သူ့ ချစ်သူ က ပေးပေး ချင်း ပဲ ပက်ကင် ကိုဖောက် ပြီး ယပ်တောင် ကို လက်က ကိုင် ပြီး 
ဘယ်ညာ ခတ် လိုက် တာယပ်တောင် က ထက် ပိုင်း ကျိုးသွားပါရောတဲ့။ 
အဲဒါနဲ့ နောက် တခေါက်မြန်မာပြည် ပြန်ရောက်တော့ ၀ယ်လာတဲ့ ဆိုင် ကို သွားပြီး ဆိုင် ရှင်ကို ကွန်ပလိမ်း လုပ် ပါတယ်။
ဝယ် သူ ။          ။ Lifetime Warranty ဆိုပြီး ခင်ဗျား ရဲ့ ယက်တောင် က တခါ ပဲခတ် (သုံး) လိုက် တာ ကျိုးသွားပြီ။၊
ဆိုင် ရှုင် ။        ။ ခင်ဗျား ဒီ ယပ်တောင် ကို ဘယ် လို သုံး သလဲ။ဒီမှာကျုပ်လက်ထဲကယပ်တောင်ကိုကြည့်  ဒါဟာ....
                       ကျွန်တော့်အဘိုး(Great Grand Father) လက်ထက် က ယပ်တောင် အခုထက်ထိ ကျွန်တော် သုံး နေ တုံး ပဲ.။
                        ဒါ နဲ့ ခင်ဗျား က ယပ်တောင် ကို ဘယ် လို အသုံး ပြု ပါ သလဲ...?
ဆိုင် ရှုင် ။        ။ နိုး...နိုး ...ခင်ဗျားမှားနေပြီ၊။ ခင်ဗျား ယပ်တောင် ကို ဘယ်လိုသုံး ရ မှန်း မသိ ဘူး။သုံးပုံက....
                       ယပ်တောင် ကို ခင်ဗျားလက် က မြဲ မြဲ ကိုင် ထား ပြီး ခင်ဗျား ရဲ့  ခေါင်း ကို ဘယ် ပြန် ညာပြန် ရမ်းရတယ်။
                       လေအရမ်းအေး ချင် ရင် ခေါင်း ကို မွတ်နေ အောင် ရမ်း ရ တယ် ။
                        အဲဒါ ဆို ကျွန်တော် ရောင်း တဲ့ ယပ်တောင် က ခင်ဗျား တသက် မက ဘူး . တာရှည်ခံ မယ်. အာမခံတယ်..။  တဲ့
ဝယ်သူ ။       ။  အိုးးးး ရက်စ်....အိစ်....ဟုတ်...
ဘယ်ရမလဲမြန်မာကွ..(တိုးရစ်ရဲ့ချစ်သူအားနဲ့မတရားခတ်လို့ကျိုးတာလျော်ရမှာလား..ဟိဟိ )..တိန်
ရီမောပျော်ရွှင်ပါစေ
BY  Lon ELY ............
No comments:
Post a Comment