“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Tuesday, January 29, 2013

““““ ချစ်ရသူသို့ ””””

ကန့်သတ်ချက်တွေနဲ့ ဒီဘ၀အတွက်
နှလုံးသားတံခါးကို သော့ခတ်လို့
ငါ့ညတွေထဲ ဖော်မပြတတ်တဲ့ ဝေဒနာ တစ်စုံနဲ့အတူ
မျက်စိကိုမှိတ် တိတ်တိတ်လေး တွေးနေမိတယ်
မင်း အကြောင်းတွေကိုပေါ့ ချစ်ရသူရယ် ........

ဘာကြောင့်လဲ ဆိုတာကို ရှင်းမပြချင်ဘူး
ဘယ်လောက်ချစ်လဲ ဆိုတာကို ပြောမပြတတ်ဘူး
ဘယ်အချိန်ထိ နာကျင်ရဦးမှာလဲ ဆိုတာကို ငါကိုယ်တိုင်မသိဘူး
တကယ်တော့ ငါ့ဘ၀က ..
ခပ်ဆူးဆူး အတိတ်ဝဋ်ကျွေးတွေကို ပေးဆပ်ရင်း
ငိုချင်ပါရဲ့ ပြုံးနေရသူပါ ချစ်ရသူရယ် .......

(အောင်ကျော်မြင့်)

No comments:

Post a Comment