ဘီယာပုလင်းများကို ရထားလမ်းလို့ စည်ထားတဲ့ တန်းပေါ်မှာ ကားမောင်း ဖို့ဆိုတာ
မဖြစ်နိုင်ဘူးလို့တောင် ထင်ချင်စရာ ရှိပါတယ်။ သို့ပေမယ့် ဒါဟာ
ဖြစ်နိုင်တယ်ဆိုတာကို တရုတ်နိုင်ငံက Li Guiwen ပုဂ္ဂိုလ်က လက် တွေ့ပြ မောင်းနှင်ပြသခဲ့ပါတယ်။
ဘီယာ ပုလင်းပေါင်း ၁၇၉၈ ပုလင်းစည်ထားတဲ့ လမ်း အရှည် ၆၀ မီတာ ကျော်ကို ၈ မိနစ်နဲ့ ၁၉ စက္ကန့်အတွင်း အပြီးမောင်းပြ သွားခဲ့ပါတယ်။ လုံးဝ အတိမ်းအစောင်း မရှိပါဘူး။ ဘယ်ပုလင်းမှာလည်း မမောက်ပါဘူး။ သူကိုယ်တိုင်ကလည်း တရုတ်စစ်တပ် မှာ စစ်ကားမောင်း ဒရိုင်ဘာ တစ်ဦး ဖြစ်ပါတယ်။
၂၀၁၂ ခုနှစ် မတ်လလောက်က တရုတ်နိုင်ငံအရှေ့ ပိုင်း Wenzhou မြို့ မှာ သရုပ်ပြ မောင်းနျင်ခဲ့ပြီး ဂင်းနစ်စံချိန်တင်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
--
Ref: Guinness
ရိုးရာလေး

No comments:
Post a Comment