“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Saturday, December 1, 2012

မိဘ

Photo: မိဘ

အဝေးရောက်နေရင် ပိုသိသာတယ်...
မိဘရဲ့ ရပ်တည်မှု

အားငယ်ရင် ပို သိသာတယ်
မိဘရဲ့ ဖြစ်တည်မှု

ဝမ်းနည်းရင် ပိုသိသာတယ်
မိဘရဲ့  ပြုံးရွှင်မှု

ဝမ်းသာရင် ပိုသိသာတယ်
မိဘရဲ့  ဆူပူမှု

တယောက်တည်းနေရင် ပိုသိသာတယ်
မိဘရဲ့  နွေးထွေးမှု

ငိုချင်ရင် ပိုသိသာတယ်
မိဘရဲ့  အားပေးမှု

အထီးကျန်ရင် ပိုသိသာတယ်
မိဘရဲ့  ကြင်နာမှု

မွေးနေ့ ရောက်ရင် ပိုသိသာတယ်
မိဘရဲ့  ပင်ပန်းမှု

အစားထိုးမရတဲ့ အရာတွေမှာ မိဘဆိုတာ နံပတ်၁ပါ

ကိုယ့်ကိုလူလားမြောက်အောင် မွေးဖွားပေးလို့ 
အခုလို စာတွေတတ်လာခဲ့တာ

ကိုယ့်ကိုလူလားမြောက်အောင် မွေးဖွားပေးလို့ 
အခုလို သူငယ်ချင်းတွေရခဲ့တာ

ကိုယ့်ကိုလူလားမြောက်အောင် မွေးဖွားပေးလို့ 
အခုလို လုပ်ကျွေးခွင့်ရခဲ့တာ

ဝမ်းမနည်းပါဘူး...

အခုချိန်ခွဲရတယ် ဆိုတာ နောက်တချိန် လုပ်ကျွေးခွင့်ရဖို့ အခွင့်အရေးစောင့်နေတာပါ

အခုချိန်ဝမ်းနည်းတယ်ဆိုတာ နောက်တချိန် ပျော်ရွှင်ရဖို့ အခွင့်အရေးစောင့်နေတာပါ

အခုချိန် ငိုကြွေးတယ်ဆိုတာ နောက်တချိန် ပြုံးရွှင်ရဖို အခွင့်အရေးစောင့်နေတာပါ

အရိပ်ကိုလိုချင်ရင် အရင်နေပူထဲက လျှောက်လှမ်းရပါတယ်.....

မိဘရဲ့ မျက်နှာနဲ့ အပြုံးကို စဉ်းစားမိတာနဲ့ အရာအားလုံးပြန်ပြုံးပြနိုင်ပါတယ်.....

( ဇင်နှင်း)

facebook မှ

No comments:

Post a Comment