“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Wednesday, November 28, 2012

ကလေးငယ်များတွင် ဖြစ်ပွားတတ်သည့် အထက်လှန်အောက်လျှောဝေဒနာ

Photo: ကလေးငယ်များတွင် ဖြစ်ပွားတတ်သည့် အထက်လှန်အောက်လျှောဝေဒနာ
http://www.myawady.net.mm/mwdhealth/treatment/prevent/405-2012-11-26-02-48-11
ယခုကဲ့သို့သော ဆောင်းရာသီတွင် ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ် သည့်  Rota  ဗိုင်းရပ်စ်ကြောင့် ကလေးငယ်များတွင် အထက်လှန် အောက်လျှော ဝေဒနာများကို ခံစားရလေ့ရှိကြောင်းသိရသည်။

အဆိုပါ ဗိုင်းရပ်စ်သည် ဆောင်းရာသီတွင်သာ ပေါက်ပွားလေ့ရှိပြီး အသက် ၂ နှစ်အောက် ကလေးငယ်များအား အဓိကတိုက်ခိုက်တတ်သောကြောင့် ၂ နှစ်အောက် ကလေးငယ်များသည် ယခုကဲ့သို့သော ရာသီဥတုတွင် အထက် လှန်အောက်လျှော ဝေဒနာကို ခံစားရလေ့ရှိကြသည်ဟု ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာ ယုဇနစောမြင့်ကပြောသည်။

 “ဒီဇင်ဘာနောက်ပိုင်းကစ ပြီးဖြစ်နေတာ ဇန်န၀ါရီထဲမှာ လည်းဖြစ်တာများတယ်။  အခုအ ချိန်အထိလည်းဖြစ်နေတုန်းပဲ”ဟု ဒေါက်တာ ယုဇနစောမြင့်က ပြောသည်။

ထိုသို့ အထက်လှန်အောက်လျှောဖြစ်ကာ ၀မ်းပျက်ဝမ်းလျှော ဖြစ်ခြင်းသည် အစာအိမ်နှင့် အူလမ်းကြောင်း အတွင်းသို့ ပိုးတစ်မျိုးမျိုး ၀င်ရောက်သောကြောင့်ဖြစ်ပြီး ၂ နှစ်အောက်ကလေးငယ်များ တွင် Rotaဗိုင်းရပ်စ်ကြောင့် အဖြစ်များ၍  ၂ နှစ်အထက်ကလေးငယ် များတွင်တော့ E.coli  ပိုးနှင့် Salmonella   ဟုခေါ်သည့် ဘက်တီးရီးယား ပိုးတစ်မျိုးကြောင့် ဖြစ်ပွား လေ့ရှိကြကြောင်းသိရသည်။

 Salmonella  တွင် အူရောင် ငန်းဖျား  Typhoid  ဖြစ်သောပိုးနှင့် မဖြစ်စေသောပိုးဟူ၌နှစ်မျိုးရှိရာ Typhoid မဖြစ်စေသည့် ပိုးတစ်မျိုးမှ ကလေးငယ် များအား အထက် လှန်အောက် လျှောဖြစ်စေခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment