နာဆာ သိပ္ပံပညာရှင်များက ကမ္ဘာအရွယ် ဂြိုဟ် ၅ခု တွေ့ရှိသောကြောင့်
စင်္ကြာဝဠာထဲတွင် လူသားတွေချည်း နေထိုင်တာ မဖြစ်နိုင်တော့ကြောင်း ကြေညာလိုက်သည်။ နာဆာရဲ့ Kepler တယ်လီစကုတ် ကနေ စင်္ကြာဝဠာ နဂါးငွေ့တန်းကြီး ထဲမှ နေ-ကြယ်များကို ပတ်နေတဲ့ ကမ္ဘာနဲ့ ပုံစံအရွယ်အစား တူ ဂြိုဟ် ၅ခု တွေ့ရှိသည်ဟု
ပြီးခဲ့သော ဗုဒ္ဓဟူးနေ့က ကြေညာခဲ့သည်။ ထိုဂြိုဟ် ၅ခု မှာ ၄င်းတို့ ပတ်နေတဲ့
နေများရဲ့ ခပ်လှမ်းလှမ်း အကွာအဝေးတွင် ရှိသောကြောင့်၊ ရေနှင့် အရည်များ
ရှိမှာ ဖြစ်ပြီး၊ သက်ရှိ ရှင်သန်နိုင်မည့် ဇုံနယ်နမိတ် ဖြစ်ကြောင်း
ပြောဆိုသည်။ ရေနှင့် အရည်များမှာ သက်ရှိ ဖွဲ့စည်းဖို့ အတွက် အဓိက
လိုအပ်ချက်များ ဖြစ်သည်။
နာဆာ (NASA) အာကာသ လေ့လာရေးအဖွဲ့ အုပ်ချုပ်ရေးမှုး Charles Bolden က “ကျနော်တို့ မျိုးဆက်မှာကိုပဲ လျှို့ဝှက်ဆန်းကြယ် စိတ်ကူးယဉ် သိပ္ပံရုပ်ရှင် ဇာတ်ကားတွေကနေ၊ လက်တွေ့ သက်ရှိတွေရှိမယ့် ဂြိုဟ်တွေကို Kepler တယ်လီစကုတ် ကျေးဇူးကြောင့် ကနေ့ စတွေ့ကြရပြီ။စိတ်ကူးယဉ်ကြည့်တာက နေ တကယ်ဖြစ်လာတာ”ဟု သတင်း ဌာနများကို ပြောခဲ့သည်။
ထို ကမ္ဘာဂြိုဟ် ၅ ခုပတ်နေတဲ့ ကြယ်သဏ္ဍန် နေမင်းမှာ အလင်းနှစ် ၂၀၀၀ ကျော် သက်တမ်း ရှိပြီဖြစ်ကြောင်း Kepler တယ်လီစကုတ် သိပ္ပံပညာရှင်အဖွဲ့က တွက်ချက်ခဲ့သည်။ Kepler တယ်လီစကုတ်မှာ အားအကောင်းဆုံး မှန်ပြောင်းကြီး ဖြစ်ပြီး ယခု ဂြိုဟ်ပေါင်း ၁၂၀၀ ကျော်ကို စစ်ဆေး တွေ့ရှိခဲ့ပြီး ဖြစ်သည်။ Kepler တယ်လီစကုတ် တာဝန်ခံ William Borucki က “ကျနော်တို့ နဂါးငွေ့တန်း Galaxy ထဲမှာရှိတဲ့ ကြယ်သဖွယ် နေတွေကို ပတ်နေတဲ့ ဂြိုဟ်တွေဟာ မရေမတွက် နိုင်အောင်ပါပဲ” ဟု ပြောသည်။ Kepler တယ်လီစကုတ်က ဂြိုဟ်တစ်ခုချင်းကို တိုက်ရိုက် မြင်ရတာတော့ မဟုတ်။ ၄င်းတို့ ပတ်နေတဲ့ နေကြယ်ကြီးကိုသာ မြင်ရခြင်း ဖြစ်ပြီး၊ နေ-ကြယ်ရဲ့ ပတ်လမ်းကြောင်း များတွင် မှုန်မှုန်မွှားမွှား ရွေ့လျား နေမှုများကိုသာ မြင်ရခြင်း ဖြစ်သည်။
၎င်း ဂြိုဟ် ၅ခု ပတ်နေသော နေ-ကြယ်မှာ လူသားတို့ ချစ်မြတ်နိုးတဲ့ နေမင်းကြီးထက် ပိုအေးပြီး၊ အနည်းငယ် သေးသည်ဟု ဆိုသည်။ နာဆာ သုတေသနအဖွဲ့က နောက်ထပ် စူးစမ်းမှုများ ဆက်လုပ်နေသည်ဟု ဆိုသည်။
နာဆာ (NASA) အာကာသ လေ့လာရေးအဖွဲ့ အုပ်ချုပ်ရေးမှုး Charles Bolden က “ကျနော်တို့ မျိုးဆက်မှာကိုပဲ လျှို့ဝှက်ဆန်းကြယ် စိတ်ကူးယဉ် သိပ္ပံရုပ်ရှင် ဇာတ်ကားတွေကနေ၊ လက်တွေ့ သက်ရှိတွေရှိမယ့် ဂြိုဟ်တွေကို Kepler တယ်လီစကုတ် ကျေးဇူးကြောင့် ကနေ့ စတွေ့ကြရပြီ။စိတ်ကူးယဉ်ကြည့်တာက
ထို ကမ္ဘာဂြိုဟ် ၅ ခုပတ်နေတဲ့ ကြယ်သဏ္ဍန် နေမင်းမှာ အလင်းနှစ် ၂၀၀၀ ကျော် သက်တမ်း ရှိပြီဖြစ်ကြောင်း Kepler တယ်လီစကုတ် သိပ္ပံပညာရှင်အဖွဲ့က တွက်ချက်ခဲ့သည်။ Kepler တယ်လီစကုတ်မှာ အားအကောင်းဆုံး မှန်ပြောင်းကြီး ဖြစ်ပြီး ယခု ဂြိုဟ်ပေါင်း ၁၂၀၀ ကျော်ကို စစ်ဆေး တွေ့ရှိခဲ့ပြီး ဖြစ်သည်။ Kepler တယ်လီစကုတ် တာဝန်ခံ William Borucki က “ကျနော်တို့ နဂါးငွေ့တန်း Galaxy ထဲမှာရှိတဲ့ ကြယ်သဖွယ် နေတွေကို ပတ်နေတဲ့ ဂြိုဟ်တွေဟာ မရေမတွက် နိုင်အောင်ပါပဲ” ဟု ပြောသည်။ Kepler တယ်လီစကုတ်က ဂြိုဟ်တစ်ခုချင်းကို တိုက်ရိုက် မြင်ရတာတော့ မဟုတ်။ ၄င်းတို့ ပတ်နေတဲ့ နေကြယ်ကြီးကိုသာ မြင်ရခြင်း ဖြစ်ပြီး၊ နေ-ကြယ်ရဲ့ ပတ်လမ်းကြောင်း များတွင် မှုန်မှုန်မွှားမွှား ရွေ့လျား နေမှုများကိုသာ မြင်ရခြင်း ဖြစ်သည်။
၎င်း ဂြိုဟ် ၅ခု ပတ်နေသော နေ-ကြယ်မှာ လူသားတို့ ချစ်မြတ်နိုးတဲ့ နေမင်းကြီးထက် ပိုအေးပြီး၊ အနည်းငယ် သေးသည်ဟု ဆိုသည်။ နာဆာ သုတေသနအဖွဲ့က နောက်ထပ် စူးစမ်းမှုများ ဆက်လုပ်နေသည်ဟု ဆိုသည်။
Myanmar ICT
No comments:
Post a Comment