“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Wednesday, September 5, 2012

ကွန်ပြူတာ သုံးပြီးတိုင်း သတိထားသင့်တဲ့အချက်များ

ဒီနေ့ခေတ်မှာကွန်ပြူတာသုံးတဲ့သူငယ်ချင်းတွေသိထားသင့် တယ်ထင်လို့ပါကွန်ပျူတာတစ်စုံ ရှိ Keyboard မှာ Office တခုရဲ့ အများသုံး Toilet ထက်၅ ဆ ပိုညစ်ပတ်ပါသတဲ့ ။

မယုံမရှိကြပါနဲ့ ။ London National Laboratory တစ်ခုရဲ့ တိကျသေချာသောသုသေသန လုပ်ဆောင်ချက်တစ်ခုကနေ ရရှိလာတဲ့ Reslut တစ်ခုပါ၊Computer တခုရဲ့  Keyboard တခုတွင် Bacteria သန်းနှင့်ချီပြီး ပေါက်ဖွားရှင်သန်နိုင်ကြောင်း လေ့လာတွေ့ ရှိရသည်။ထို Bacteria များသည် လူတို့ အား အစာအဆိပ်သင့်ခြင်း (ဗိုက်ထဲတွင်မအီမသာဖြစ် ပြီး ၀မ်းလျောခြင်း ) မှ အစ သေစေနိုင်လောက်သည့်
ရောဂါများ အထိ ဖြစ်ပွား ပျံ့ နှံ့ စေနိုင်သည်။ပြီးခဲ့ သည့် မကြာသေးမီ ကာလက ရန်ကုန်မြို့တွင် လူမသိသူမသိအဖြစ်အပျက်လေးတစ်ခုဖြစ်ပျက်ခဲ့ သည်။

တခြားတော့ မဟုတ်ပါ Computer Keyboard မှ Bacteria များက မွေးကင်းစကလေးငယ်တစ်ဦးကို ဆုံးပါးသွားစေခဲ့ သည်။အသက်ကြီးမှာ အိမ်ထောင်ကျသော ဇနီးမောင်နှံ နှစ်ဦး တို့ တွင် အသက် ၃၀ကျော်မှ ရသောကလေးလေး ဖြစ်သည်။အသက်ကြီးမှ ရသောကလေးမို့ မိဘများက တအားတန်ဖိုးထားသည့် (Precious Baby )လေး ဖြစ်သည်။ အဖေဖြစ်သူက Computer Programmer - တနေကုန် Computer ရှေ့ တွင် အလုပ်ရှုပ်နေသူရုံးကပြန်လာတိုင်း လုပ်လေ့လုပ်ထရှိသည့် အကျင့်လေးတစ်ခုက သားလေးကိုချီပြီး နမ်း တတ်သည်။ကလေးက မွေးကင်းစ (Baby ) လေး ။ ၁၀ ရက်သားခန့် သာရှိသေးသည့်တအားနုနယ်သည့်ကလေးလေးပေါ့။သိပ်မကြာ ကလေးက ဖျားပြီး ခန္ဒာကိုယ်တစ်ခုလုံးနီရဲ ရောင်ရမ်းလာကာဆေးရုံတက်ရက်သည်။ ဆရာဝန်များက မွေးကင်းစကလေးပိုးဝင်ရောဂါ(NeonatalSepsis) ဟုဆိုသည်။

၂ ရက်မြောက် ဆေးရုံပေါ်တွင် ကလေးမှာ သေသွားရှာသည်။မိဘတွေက လည်း ဘယ်နေမလဲ။ သူတို့ ကလေး ဘယ်လို သေရသလဲ ?အကြောင်းအရင်းကိုရှာသည်။ မိခင်ဖြစ်သူမှာ ကလေးကို နို့ တိုက်သည်မှအပတခြားအချိန်တွင် အထိအတွေ့ နည်းသည်။နို့ တိုက်ကျွေးသည့်အချိန်တွင်လည်း တကယ့် သန့်သန့် ရှင်းရှင်းစနစ်တကျရှိလှသည်။
တခြားထိတွေ့ သူမှာ အဖေဖြစ်သူသာလျှင်ရှိတော့သည်။

တနေကုန်ရုံးမှာ အလုပ်လုပ် ပြန်ရောက်ရောက်ချင်း လက်တောင်မဆေးပဲ ကလေးကိုချီ ပြီးနမ်း ရှုတ်တတ်သည့်အဖေ ။ သူ့ ကိုသူ သံသယ၀င်ပြီးသူငယ်ချင်းဖြစ်သူ ဆရာဝန်၏ အကူ အညီဖြင့် ဓာတ်ခွဲ ခန်း
တစ်ခု တွင် သူလက်မှာ ရှိတဲ့ Bacteria တွေကိုCulture လုပ်ကြည့်တော့ တွေ့ လိုက်ရသည်မှာ သူ လက်တွင် ကပ်ငြိနေသည့်Bacteria က အမျိုးပေါင်း များစွာပင်။ ထို Bacteria တွေ က နုနယ်သည့်(immature baby) လေး ကို သေသွားစေခဲ့ ရလေသည်။ထို ဥပမာလေးကို သင်ခန်းစာယူ ပြီး Computer သုံးပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် သေချာစွာဆေးကြော ကြပါ။ဒီနေ့ခေတ်တွင်အင်တာနက်ဆိုင်တွေများပြားလာပြီး ထိုဆိုင်များရှိစက်များမှာလူတန်းစားပေါင်းစုံ ကသုံးစွဲနေကြတော့ညစ်ပတ်မှာကအသေအချာပင်။

ထိုကြောင့်မည် သူမဆိုComputerသုံးပြီးတိုင်းလက် ဆေးသည့်အကျင့်ကိုဂရုတစိုက်လုပ်ဆောင်သင့်သည်။တစ် ချို့ အင်တာနက်ဆိုင်တွေရဲ့သန့်စင်ခန်းတွေမှာ လက်ဆေးရန်စနစ်တကျလုပ်ထားပေးသည်များရှိသည်။ ဆိုင်တိုင်းမှာလည်းလုပ်ထားပေးသင့် သည်။မြန်မာနိုင်ငံမှာရှိနေသည့်ForeignerအများစုမှာH andSa nitizerခေါ်Sprayဘူးလေးများဆောင် ထားကြသည်။သူတို့အင်တာနက်ဆိုင်မှာသုံးပြီးတိုင်း လက်ကိုHandSprayဖြင့်သန်စင်ကြသည်ကို တွေ့ဖူးသည်။ထိုနည်းကတော့ပိုပြီးကောင်းသည်။ရေကို င်စရာ မလိုဆပ်ပြာကိုင်စရာမလို ပဲသန့်စင်နိုင်သည်။ထိုကဲ့သို့ပစ္စည်းမျိုးကိုမသုံးနိုင်ရင်တောင်မှ ဆပ်ပြာနှင့်သေချာစွာဆေးကြော သင့်သည်။သင်တို့၏လက်ကိုသန်ရှင်းစင်ကြယ်စွာထားခြင်းဖြင့် သင်တို့ ဘ၀တွေပိုပြီး လှပသာယာနိုင်ကြပါစေ။

http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A462827&xgs=1&xg_source=msg_share_post

No comments:

Post a Comment