“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Tuesday, April 24, 2012

ကင်ဆာရောဂါဖြစ်နိုင်ခြေကို များစေသော အချက်များ


ရင်သားကင်ဆာ
မိသားစုမျိုးရိုးအတွင်း ရင်သားကင်ဆာ ဖြစ်ဖူးသူရှိခြင်း၊ အဝလွန်ခြင်း၊ အသက်ကြီးမှ ကလေးမွေးခြင်း၊ သားသမီး မထွန်းကားခြင်း။
ဆီးအိမ်ကင်ဆာ
ဆေးလိပ်သောက်ခြင်း (ဆီးအိမ်ကင်ဆာဖြစ်သူတွေရဲ့ တစ်ဝက်နီးပါးဟာ ဆေးလိပ်သောက်ကြပါတယ်။)
သားအိမ်ခေါင်းကင်ဆာ
အသက်ငယ်ငယ်ရွယ်ရွယ်နှင့် လိင်ဆက်ဆံခြင်း၊ လိင်ဆက်ဆံဖက်များခြင်း၊ ဆေးလိပ်သောက်ခြင်း၊ လိင်အင်္ဂါ ရေယုန်ပေါက်ဖူးခြင်း။
အူမကြီးကင်ဆာ
အူမကြီးအတွင်း အသားပိုအသီး (Polyps) ဒါမှမဟုတ် အူမကြီး အနာရှိတဲ့ အသက် ၅၀ ကျော်သူဖြစ်ခြင်း၊ မိသားစုအတွင်း ဒီရောဂါတွေရှိသူ ဒါမှမဟုတ် အူမကြီးကင်ဆာဖြစ်သူရှိခြင်း၊ အဆီများပြီးအမျှင်ဓာတ်နည်းတဲ့အစာ အမြဲစားခြင်း။
သွေးကင်ဆာ
ဓာတ်ရောင်ခြည်၊ ဘန်ဇင်းနဲ့ တခြားဓာတုပစ္စည်းတွေနဲ့ ထိတွေ့မိခြင်း။

အဆုတ်ကင်ဆာ
ဆေးလိပ်သောက်ခြင်း (ရောဂါဖြစ်သူတွေရဲ့ ၈၃ ရာခိုင်နှုန်း) ကျောက်ဂွမ်းမှုန့် (Asbestos) ကြာရှည်ရှုမိခြင်း၊ ဓာတ်ရောင်ခြည်နှင့်ထိတွေ့ခြင်း၊ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူရှိုက်နေခြင်း၊
ပြန်ရည်ကျိတ်ကင်ဆာ
အသက် ၅၀ အထက်ရှိခြင်း၊ အခြားဖြစ်နိုင်ခြေများစေတဲ့ အချက်တွေကိုမသိသေးပါ။
ခံတွင်းကင်ဆာ
ဆေးလိပ်သောက်ခြင်း၊ ဆေးရွက်ကြီးဝါးခြင်း၊ ကွမ်းစားခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း။
ပန်ကရိယ ကင်ဆာ
ဆေးလိပ်သောက်ခြင်း၊ အဆီများတဲ့ အစာအများစားခြင်း။ ဆီးကျိတ်ကင်ဆာ အသက်ကြီးလာတာနဲ့အမျှ ဖြစ်နိုင်ခြေများလာပါတယ်။ ရောဂါဖြစ်သူတွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ဟာ ၆၅ နှစ် နောက်ပိုင်းမှာဖြစ်တာပါ။
အရေပြားကင်ဆာ
အသားဖြူခြင်း၊ ကလေးဘဝမှာ အပြင်းအထန်နေလောင်ခံရခြင်း၊ အကာအကွယ်မပါဘဲ နေပူထဲ မကြာခဏသွားလာနေခြင်း၊ မိသားစုမျိုးရိုးအတွင်း အရေပြားကင်ဆာဖြစ်ဖူးရှိခြင်း၊
သားအိမ်ကင်ဆာ
မျိုးပွားနိုင်စွမ်းမရှိခြင်း၊ မျိုးဥကြွေမှုမရှိခြင်း ဒါမှမဟုတ် မိန်းမကိုယ်မှ ပုံမှန်မဟုတ်တဲ့ သွေးဆင်းခြင်းတွေဖြစ်ဖူးတဲ့ ရာဇဝင်ရှိပြီး သွေးဆုံးတဲ့ အသက်အရွယ်ဖြစ်ခြင်း၊ အဝလွန်ခြင်း၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ။
ကင်ဆာရောဂါကို ကာကွယ်နိုင်မည့် အကြံပြုချက်များ
လေ့ကျင့်ခန့်မှန်မှန်လုပ်ပါ
တစ်နေ့ကို အနည်းဆုံးမိနစ် ၃၀ ခန့်လေ့ကျင့်ခန်း အသင့်အတင့်ကို မှန်မှန်လုပ်ခြင်းဟာ ကင်ဆာရောဂါ ဖြစ်နိုင်ခြေကို ၃၀ ရာခိုင်နှုန်း လျော့စေပါတယ်။
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာစားပါ
အဆီနည်း၊ အမျှင်ဓာတ်များ၊ အသားနည်းနည်း၊ လတ်ဆတ်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်များများ စားပေးပါ။
ဆေးလိပ်ဖြတ်ပါ
အကောင်းဆုံးကတော့ အစလုပ်ပြီး မသောက်တာပါပဲ။ ဆေးလိပ်သောက်ခြင်းက ကင်ဆာဖြစ်နိုင်ချေကို ၃၀ ရာခိုင်နှုန်းတိုးစေပါတယ်။
အရက်လျှော့သောက်ပါ
အရက်သောက်ခြင်းကြောင့် ရင်သားကင်ဆာ အပါအဝင် တချို့ကင်ဆာရောဂါဖြစ်နိုင်ချေကို တိုးစေပါတယ်။
ဆေးလိပ်နှင့် အရက်ပေါင်းခြင်း
ဆေးလိပ်ရော၊ အရက်ရောသောက်မယ်ဆိုရင် ခံတွင်းကင်ဆာ၊ အစာရေမျိုကင်ဆာနဲ့ အခြားကင်ဆာရောဂါတွေ ဖြစ်နိုင်ချေကို သိသိသာသာ များစေပါတယ်။
နေရောင်ကာ လိမ်းဆေးလိမ်းပါ
အနည်းဆုံး SPF ၁၅ ဆပါဝင်တဲ့ နေရောင်ကာလိမ်းဆေးကို နေ့လယ်နေ့ခင်း အပြင်ထွက်ရင် လိမ်းပေးပါ။
အန္တရာယ်ကင်းတဲ့ Sex ဖြစ်ပါစေ
တစ်လင် တစ်မယားစနစ်မဟုတ်ရင် အမြဲတမ်း ကွန်ဒုံးသုံးပါ။
သားအိမ်ခေါင်းနဲ့ ရင်သားစစ်ဆေးမှု ပြုလုပ်ပါ
သားအိမ်ခေါင်းမှ အသားယူစစ်ဆေးမှု (Pep Smears) နဲ့ ရင်သားဓာတ်မှန်ရိုက်ခြင်း (Mammogram) တွေမှန်မှန်ပြုလုပ်ပါ။ ကိုယ့်ဘာသာကိုယ် ရင်သားတွေကို ပုံမှန်စစ်ဆေးမှုပြုလုပ်ပါ။
Ref: Good Health

နေ့စဉ်သကြားတုံးငါးတုံးနဲ့ အထက်ကို ကော်ဖီနဲ့ဖျော်ရည်တွေထဲမှာ ထည့်သောက်သူတွေအနေနဲ့ မုန့်ချိုအိတ်ကင်ဆာ ဖြစ်နိုင်ချေ ၆၉ ရာခိုင်နှုန်းပိုရှိတယ်ဆိုတာ သင်သိပါရဲ့လား။
Ref: Good Health


     အမျိုးသမီးတိုင်းသိသင့်တဲ့ ရင်သားကင်ဆာ



ရင်သားကင်ဆာ… ဒီအသံ(စကား) ကြားလိုက်ရုံနဲ့ ဘယ်အမျိုးသမီးမဆို ကျောချမ်းတုန်လှုပ်သွားစေတာပါပဲ။ ဒီရောဂါအကြောင်းကို နားလည်သိရှိဖို့ သိပ်ကိုလိုအပ်ပါတယ်။ Breast Cancer မဖြစ်အောင် အကောင်းဆုံး ကာကွယ် တိုက်ဖျက်နည်းကို နားလည်ထားနိုင်ဖို့ ဖတ်ကြည့်ပါဦး။
ရင်သားကင်ဆာဆိုတာ ဘာလဲ?
ရင်သားကင်ဆာဆိုတာက ရင်သားရဲ့ ကလာပ်စည်းက စတင်ဖြစ်ပေါ်တဲ့ အန္တရာယ်ပေးနိုင်တဲ့ အကျိတ်တစ်ခုပဲဖြစ်တယ်။ အဲဒါက အမျိုးသမီးတိုင်းလိုလိုမှာ ဖြစ်တတ်ပြီးအမျိုးသားတွေလည်း ဒီရောဂါကို ရနိုင်တယ်။ စင်ကာပူနိုင်ငံ ကင်ဆာအသင်း အဆိုအရ၊ နှစ်စဉ်အမျိုးသမီး (၁၃၀၀)လောက် ရင်သားကင်ဆာဖြစ်တာကို ရောဂါစစ်တမ်းက ဖော်ပြနေတယ်။ အမျိုးသမီး အသက်အရွယ်အုပ်စုတိုင်း ရင်သားကင်ဆာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အသက်(၄၀)ကျော် အမျိုးသမီးတွေက ဒီရောဂါပိုပြီး ဖြစ်ကြတယ်။ အမျိုးသမီး ခုနှစ်ယောက်မှာ တစ်ယောက်ဟာ Breast Cancer ရောဂါရဲ့ အန္တရာယ်ဟာ တိုးပွားလာတယ်။ အမျိုးသမီးတိုင်းဟာ ဒီရောဂါဘေးနဲ့ ကြုံရတတ်ပါတယ်။
ရင်သားကင်ဆာဖြစ်ရတဲ့ အကြောင်းရင်း
ဒီရောဂါဖြစ်ရတဲ့အကြောင်းရင်း တိတိကျကျကို မသိရသေးပါဘူး။ ရင်သားကင်ဆာဟာ အမျိုးသမီးဟော်မုန်းဓာတ် (Female Hormones) နဲ့ ဆက်နွယ်နေပြီး ရင်သားကင်ဆာ ဖြစ်စေတဲ့ ဖြစ်နိုင်တဲ့အချက်တွေထဲမှာ ခေတ်ပေါ်ဓာတ်စာ (ယနေ့စားနေကျ အစားအစာ)၊ ဘဝနေထိုင်ပုံစံစနစ်စိတ်ဖိစီးမှုဖြစ်စဉ်တွေနဲ့ ပါဝင်ပတ်သက်နေတယ် လို့ဆိုပါတယ်။ ရင်သားကင်ဆာ စဖြစ်ဖြစ်ခြင်း နာကျင်ကိုက်ခဲမှု မဖြစ်ဘူး။ ဘာရေဂါလက္ခဏာမှလည်း မပြဘူး။ ဒါပေမယ့် ကင်ဆာကြီးထွားလာတဲ့ အခါမှာတော့ ရင်သား သို့မဟုတ် ဂျိုင်းအောက်မှာ အဖုတစ်ခုကို တွေ့ရမယ်။
ရင်သားရဲ့အရွယ်ဟာ ပုံသဏ္ဌာန်ပြောင်းလဲ သွားမယ်။ ရင်သားနဲ့ရင်သားထိပ်ရှိ ညိုမဲနေတဲ့အဝိုင်းကွင်း သို့မဟုတ် နို့သီးခေါင်းတွေမှာ အရောင်ပြောင်းလဲသွားတာ တွေ့ရမယ်။ ဒါမှမဟုတ် အဲဒီ့နေရာတွေမှာ အာရုံခံစားမှု ပြောင်းလဲသွားတာတွေ့ရမယ်။ နို့သီခေါင်းမှာ နို့ရည်ထွက်ခြင်း၊ နို့သီးခေါင်းဆုတ်ယုတ်လာခြင်း၊ ပြောင်းပြန်ဖြစ်ခြင်း၊ သို့မဟုတ် အထိမခံပဲ နာကျင်လာခြင်းတွေ ဖြစ်လာတတ်ပါတယ်။ အသက်ငယ်ငယ်နဲ့ ရာသီလာခဲ့ရင်၊ အထူးသဖြင့် အသက် (၁၁)နှစ်မတိုင်မီ ရာသီပေါ်ခဲ့ရင် ဒါမှမဟုတ် မင်းသွေးဆုံးချိန်က အသက် ၅၅နှစ်ထက် နောက်ကျရင် ဒီရောဂါပိုမိုဖြစ်တတ်ပါတယ်။ အလားတူပဲ မင်းမှာကလေး မရှိခဲ့ရင်၊ ဒါမှမဟုတ်ပဲ မင်းအသက် ၃၅နှစ် နောက်ပိုင်းမှပထမကလေးကို ရရှိခဲ့ရင်၊ မင်းဒီရောဂါအတွက်ပိုပြီး အန္တရာယ်ရှိတယ်။
ဆေးဝါးများ
သွေးဆုံးချိန်လက္ခဏာတွေကို ပျောက်ကင်းဖို့ အမျိုးသမီး လိင်ဆိုင်ရာဟောမုန်း Estrogenနဲ့ သန္ဓေသားတားဆီးစေတဲ့ ဟော်မုန်းဆေးဝါးမျိုးကို လေးနှစ်ကျော်စားသုံးခဲ့ရင် ဖြစ်နိုင်ခြေပိုရှိပါတယ်။ အစောဆုံး အဆင့်ရင်သားကင်ဆာဖြစ်တဲ့ လူနာများအဖို့၊ ရေဒီယိုဓာတ်ရောင်ခြည်ကုထုံး၊ ဓါတုကုထုံးတို့နဲ့အတူ ရင်သားထိန်းသိမ်း ခွဲစိတ်ကုသနည်းကို ဦးစားပေးလုပ်သင့်တယ်လို့ ဆိုပါတယ်။
စောစောရောဂါရှာဖွေခြင်းဟာ သော့ချက်ပါပဲ
ကြိုတင် ရောဂါရှာဖွေမှုနဲ့ ကုသမှုစနစ်တွေတိုးတက်လာတာကြောင့် အခု (Breast Cancer)ဖြစ်တဲ့ အမျိုးသမီးတွေဟာ အရင်ကထက် ပိုပြီးအသက်ရှင်လာကြတယ်လို့ သတင်းကောင်းကြားရပါတယ်။ ဒီရောဂါဖြစ်လာရင်၊ စောစောစီးစီးစစ်ဆေး၊ စောစောကုသမှုခံယူမယ်ဆိုရင် လူနာပိုပြီးသက်သာပြီး အသက်ပိုရှင်မယ်။ ဒါကြောင့်ကိုယ့်မှာ ရင်သားကင်ဆာ ရောဂါ လက္ခဏာတွေ ရှိတယ်လို့ထင်ရရင် ဆရာဝန်ဆီ ချက်ချင်းသွားတိုင်ပင် ဆွေးနွေးပါလို့ အကြံပြုလိုက်ပါတယ်။

No comments:

Post a Comment