“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Sunday, March 25, 2012

ချစ်သူ(ရည်းစား)ဘ၀ သာယာပျော်ရွှင် ခိုင်မြဲနေစေဖို့

   အချို့သော အမျိုးသား၊ အမျိုးသမီးတို့ဟာ ချစ်သူ(ရည်းစား)ဘ၀ ရောက်ပြီးမှ နှစ်ဖက်မိဘဆွေမျိုးတို့ကို အသိပေးပြီး စေ့စပ်ပွဲပြုလုပ်ကြတယ်. အချို့ကတော့ နှစ်ဖက်မိဘဆွေမျိုးတို့က လူကြီးချင်း ညှိနှိုင်းပြောဆို စေ့စပ်ပွဲပြုလုပ်ပြီးမှပဲ ချစ်သူ(ရည်းစား)ဘ၀ ရောက်ကြတယ်.. အချို့က စေ့စပ်ပြီးမှ လက်ထပ် မင်္ဂလာပွဲကျင်းပပြီး အိမ်ထောင်ပြုကြတယ်...
   အချို့ကတော့ ချစ်သူဘ၀နဲ့ပဲ စေ့စပ်ပွဲမလုပ်တော့ဘဲ လက်ထပ်ပေါင်းသင်းကြတယ်..အချို့စုံတွဲများဟာ ချစ်သူ(ရည်းစား)ဖြစ်ပြီး မကြာမီ ရက်ပိုင်း၊ လပိုင်းအတွင်း အိမ်ထောင်ပြုချင်တယ်..အလားတူ အချို့စုံတွဲများဟာ စေ့စပ်ပွဲကျင်းပပြီး ရက်ပိုင်း လပိုင်းအတွင်း လက်ထပ်မင်္ဂလာပွဲ ကျင်းပလိုကြတယ်..ဒါပေမယ့် .
   အချို့သော စေ့စပ်ပြီးမှ ချစ်သူဖြစ်လာသူ စုံတွဲတွေနဲ့ မစေ့စပ်ရသေးဘဲ ချစ်သူဖြစ်နေကြသူ စုံတွဲတွေကတော့ အချိန်ကာလ အနည်းဆုံး (၁)နှစ်၊ (၃)နှစ် (၅)နှစ်၊ (၁၀)နှစ် စသဖြင့် ကာလရှည်ကြာအောင် လွတ်လပ်သာယာပျော်ရွှင်တဲ့ ချစ်သူ(ရည်းစား)ဘ၀နဲ့ နေချင်ကြပါတယ်..
  အဲ့ဒီလို ကြာရှည်ခိုင်မြဲစွာ ချစ်သူဘ၀နဲ့ တွဲပြီးမှပဲ လက်ထပ်ပေါင်းသင်းချင်ကြတဲ့ ချစ်သူ(ရည်းစား)စုံတွဲများဟာ ဒီအစီအမံကို ယုံယုံကြည်ကြည်လုပ်ကြည့်ပါ..
   အဓိက လိုအပ်တဲ့ ပစ္စည်းကတော့ သြဇာရွက်တွေပါတဲ့ အကိုင်းငယ်တစ်ကိုင်းသာ ဖြစ်ပါတယ်..
 သြဇာရွက် (၁၁)ရွက်တိတိကို အဲဒီအကိုင်းမှာ ချန်ထားပြီး ပိုတဲ့အရွက်တွေကို ခြွေပစ်လိုက်ပါ..အရွက်ခြွေရင် အကိုင်း အရင်းဘက်ခြွေပါ..အဖျားအညွန့်ဘက်က မခြွေရပါဘူး..
   သြဇာကိုင်းမှာ ပါဝင်တဲ့ အရွက် (၁၁)ရွက်လုံးရဲ့ အတွင်းဘက်(အပေါ်)မျက်နှာမှာ ဘောပင်နဲ့ မိမိတို့ ချစ်သူ နှစ်ဦးရဲ့ နာမည်ကိုရေးပါ..“ ချစ်သူဘ၀ သာယာပျော်ရွှင်ခိုင်မြဲပါစေ” ဆိုတဲ့ စာတန်းကိုလဲ ရေးပါ..(ပုံကိုကြည့်ပါ)(ရွက်ညှာဘက်မှ စရေးပြီး ရွက်ညှာဘက်မှာပဲ ပြန်အဆုံးသတ်ရမယ်)..
   နမူနာအားဖြင့် မဧကရီနဲ့ ကိုဥက္ကာတို့ ချစ်သူနှစ်ဦး သာယာပျော်ရွှင်ခိုင်မြဲဖို့ စာရေးသားပုံကို ဖော်ပြပေးလိုက် ပါတယ်...

   စာရေးပြီးတဲ့ သြဇာရွက်များ အပါအ၀င် သြဇာကိုင်းကို မိမိအိပ်ရာခေါင်းအုံးအောက်မှာ ထားပြီး အိပ်ပါ..ညအိပ် ခရီးဝေးသွားရင် ယူသွားပါ..နေ့စဉ် အိပ်ရာထချိန်မှာ တစ်ကြိမ်၊ အိပ်ရာဝင်ချိန်မှာ တစ်ကြိမ် အဲ့ဒီသြဇာကိုင်းကို ညာလက်မှာ ကိုင်ပြီး အရွက်တွေပေါ်မှာ ရေးထားတဲ့စာသားအတိုင်း (၂)ခေါက်နှုတ်က ရွတ်ဆို ဆုတောင်းရမယ်..
   အမျိုးသမီးရော အမျိုးသားပါ နှစ်ဦးစလုံးက ဒီအစီအမံကို လုပ်ကြရင် ပိုကောင်းပါတယ်...
   သြဇာရွက်တွေပေါ်မှာ စာရေးရမယ့် နေ့ရက်အချိန်ကတော့ ဗုဒ္ဓဟူးနေ့ ညပိုင်း (၆)နာရီမှ (၇)နာရီခွဲအတွင်း ဖြစ်ရမယ်...
မှတ်ချက်
   အရွက်တစ်ရွက်ကြွေရင် အဲ့ဒီအရွက်ကြွေကို လွှင့်မပစ်ရဘူး.. ခေါင်းအုံးစွပ်ကြားထဲ ထည့်ထားပါ..အရွက်အားလုံး ကြွေတဲ့အထိ တစ်ရွက်ကြွေရင် တစ်ရွက်ထည့်၊ အရွက် (၁၁)ရွက်လုံး ခေါင်းအုံးစွပ်ကြားထဲရောက်ပြီး အကိုင်းချည်းသာ ကျန်ရှိတော့မှ အကိုင်းသစ်၊ အရွက်သစ် ထပ်လဲလှယ်ရပါမယ်..
   အကိုင်းဟောင်းနဲ့ အရွက်ဟောင်းတွေကို ပ၀ါတစ်ထည်နဲ့ တယုတယထုပ်ပြီး မိမိရဲ့ အ၀တ်အစားဗီရို(သို့မဟုတ်) သေတ္တာထဲမှာ ထည့်သိမ်းထားပါ...
မရှင်းလင်းပါက akmyint.kooo@gmail.com ကို မေးနိုင်ပါတယ်ဗျ...
ဝန်ခံချက်
   ဆရာကြီးဦးအောင်မြိုင်(ဥပဒေဘွဲ့)ရေးသားသော အချစ်ရေးအတွက် ယတြာနည်းလမ်းကောင်းများ စာအုပ်မှ ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်....

No comments:

Post a Comment