“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Monday, March 19, 2012

Facebook ၀င်ထွက်မှု လုံခြုံရေးနည်းလမ်း

နေ့စဉ်အင်တာနက်သုံးစွဲမှုတွေထဲက လူမှုကွန်ရက်ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Facebook ဟာ လူကြီးလူငယ်နဲ့ မိသားစုတွေ တစ်ဦးနဲ့ တစ်ဦး ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ အချင်းချင်းပေးပို့ဖလှယ်ကြရုံသာမက နိုင်ငံရေးမဲဆွယ် စည်းရုံး လှုပ်ရှားမှုတွေအတွက်ပါ အသုံးများ လာကြပါတယ်။

ဒါကြောင့် မိမိရဲ့ Facebook Account ကို လုံခြုံရေးအရ သေသေချာချာ ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။

ကွန်ပျူတာသုံးစွဲသူအများစုအနေနဲ့ ကိုယ့်ရဲ့ Account ကို ၀င်ထွက်ရာမှာ သတိထားသင့်တဲ့အချက်တွေရှိပါတယ်။

၁။ Keylogger လုံခြုံရေး

Keylogger ဆိုတာ ကိုယ်အသုံးပြုတဲ့ ကွန်ပျူတာမှာ ကီးဘုတ်ကရိုက်သမျှ စာတွေကို မှတ်သားသိမ်းယူတဲ့ ပရိုဂရမ်တစ်ခုဖြစ်ပါတယ်။ မိမိအသုံးပြုနေတဲ့ ကွန်ပျူတာမှာ Keylogger ရှိ မရှိ အလွယ်တကူမသိနိုင်တာကြောင့် ကိုယ့်ရဲ့ Account လုံခြုံရေး စကားဝှက်တွေ အလွယ်တကူ

.
ရရှိသွားနိုင်ပါတယ်။ ဒါကြောင့် Keylogger ရန်က ကာကွယ်နိုင်ဖို့အတွက် OSK (On Screen Keyboard) ကို သုံးသင့် ပါတယ်။ OSK Tool u Windows 2000 မှ စပြီး ယခုနောက်ပေါ် Windows 7 အထိ အလိုအလျောက်ပါဝင်တာမို့ အလွယ်တကူ အသုံးပြုနိုင်ပါတယ်။ Run Box ကနေ OSK လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက် တာနဲ့ ကီးဘုတ်ပုံ ၀င်းဒိုးပေါ်လာပါလိမ့်မယ်။ Login ၀င်မယ့် User Name နဲ့ Password နေရာမှာ Cursor ထားပြီး ကီးဘုတ်ပုံ ၀င်းဒိုးပေါ်က Key တွေကို Mouse နဲ့နှိပ်ပြီးအသုံးပြု နိုင်ပါတယ်။

၂။ Login Notifications

Login Notifications က Facebook မှာ လုံခြုံရေးအတွက် ပေးထားတဲ့ Feature တစ်ခုဖြစ်ပါတယ်။ ဒီ Feature က ကိုယ့်ရဲ့ Account ကို ၀င်လိုက်တာနဲ့ နေရာ Verification တောင်းပြီး ကိုယ်အသုံးပြုတဲ့အီးမေးလ်ကို Notice ပေးပို့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ Account ၀င်ထွက်မှုနဲ့ပတ်သက်ပြီး အလွယ်တကူ သိရှိနိုင်တဲ့အတွက် ကိုယ်မသုံးဘဲ ဘယ်သူတွေ ၀င်ထွက်သွားသလဲဆိုတာ ချက်ချင်း သိနိုင်တဲ့အတွက် Facebook မှာ ဒီ Feature ကို ON ထား သင့်ပါတယ်။ Facebook ကို Login ၀င်ပြီးသွားရင် Account Settings ကို နှိပ်ပါ။ လက်ဝဲဘက်အပေါ်ထောင့်မှာရှိတဲ့ Security ကို နှိပ်ပါ။ Login Notification က Edit ကို နှိပ်ပါ။ Email Checkbox ကို နှိပ်ပြီးရွေးချယ်ပါ။ ပြီးရင် Save Change ကိုနှိပ်ပါ။ ဒါဆိုရင် Feature ကို ON ပြီးသွားပါပြီ။ Logout လုပ်ပြီး ပြန်ဝင်တာနဲ့ နေရာ Verification တောင်းမှာဖြစ်ပြီး ကိုယ်သုံးတဲ့နေရာကို ရိုက်ထည့်ပြီးဝင်ရမှာဖြစ်ပါတယ်။ Login ၀င်သွားတာနဲ့ ကိုယ့်ရဲ့ Gmail ကို Notic ရောက်သွားမှာဖြစ်ပါကြောင်း ဖော်ပြလိုက်ပါတယ်။


ထိုလင့်တွင်အပြည့်အစုံဖတ်ပါ: http://www.mm-flashsongs.com/profiles/blog/show?id=5202681%3ABlogPost%3A1056900&xgs=1&xg_source=msg_share_post#ixzz1pdFQY0JI

No comments:

Post a Comment