သူငယ်ချင်းတွေအတွက် လူချစ်လူခင်ပေါစေမယ့်
အရိုးရှင်းအလွယ်ကူဆုံးနည်းလမ်းကောင်းလေးတစ်ခုကို ဖတ်မှတ်မိသလောက် ပြန်လည်
မျှဝေလိုက်ပါတယ်ဗျ..
လုပ်ရမယ့် အချိန်ကတော့ မနက်မိုးလင်းအိပ်ယာကထလို့ မျက်နှာသစ်တဲ့အချိန်လေးမှာပါ.
ပထမဆုံးကိုယ်မျက်နှာသစ်ဖို့ရေတစ်ခွက်ကိုခပ်လိုက်ပါ..ပြီးရင်
ရေခွက်ကိုကိုင်ရင်း သရနဂုံသုံးပါးကို ရွတ်ဆိုပါ..ပြီးရင် အောက်ပါအတိုင်း
မျက်နှာကို ရေနဲ့တစ်ခါပွတ်တိုင်း တစ်ခု အစဉ်အတိုးရွတ်ဆိုမေတ္တာပို့ပါ..
၁။ မိမိကိုယ်မိမိ ဆုတောင်းပါ..
၂။ မိမိချစ်ခင်သူကို မေတ္တာပို့ ဆုတောင်းပါ..
၃။ မိမိအားမုန်းသူ/မလိုသူကို မေတ္တာပို့ ဆုတောင်းပါ..
ဥပမာ - ၁။ ဤရေ အေးမြသလို အကျွန်ုပ်လည်း အေးမြပါစေ..
၂။ ဤရေအေးမြသလို အကျွန်ုပ်ချစ်ခင်နှစ်သက်သော ----- လည်း အေးမြပါစေ..
၃။ ဤရေအေးမြသလို အကျွန်ုပ်အား မုန်းသော မလိုသော ----- လည်း အေးမြပါစေ..
(ကွပ်လပ်နေရာတွင် နာမည်ကို ဖြည့်စွက်ရွတ်ဆိုပါ)
မိမိအား မုန်းသူ/မလိုသူအား ဆုတောင်းမေတ္တာပို့သတဲ့ အချိန်ခဏမှာ
မိမိ၏စိတ်မှ ထိုသူအား ဘယ်လောက်နာကျည်းမုန်းတီးသည်ဖြစ်စေ သူ့အတ္တ သူစာရိတ္တအား
နားလည်ခွင့်လွှတ်နိုင်သည့်ဘက်မှ နားလည်ခွင့်လွှတ်နိုင်အောင်ကြိုးစားပြီး
အမှန်တကယ် ထိုသူအား သာယာအေးချမ်းစေလိုသော မေတ္တာစိတ်ဖြင့်ဆုတောင်းပါ..
မိမိ ဆုတောင်းမေတ္တာပို့စဉ် ခွင့်လွှတ်နားလည်နိုင်မှုအပေါ်မူတည်ပီး
မိမိအားမုန်းသူ/မလိုသူမှ အနှေးနဲ့အမြန် မိမိအပေါ်ထူးထူးခြားခြားဆက်ဆံရေး
ပြောင်းလဲလာမှာဖြစ်ပါတယ်.
ဒီမေတ္တာပို့နည်းက တစ်ဦးချင်းကို နာမည်တပ်ပြီးလုပ်နိုင်သလို အားလုံးခြုံငုံပြီးတော့လည်း လုပ်နိုင်ပါတယ်..
ဥပမာ - ဤရေအေးမြသလို အကျွန်ုပ်အား ချစ်ခင်နှစ်သက်သောသူများအားလုံး
အေးမြကြပါစေ.ဤရေအေးမြသလို အကျွန်ုပ်အား မုန်းသူ မလိုသူများအားလုံး
အေးမြကြပါစေ စသည်ဖြင့် ဆုတောင်းမေတ္တာပို့နိုင်ပါတယ်..
နံနက်ခင်းစောစော အလွယ်ကူဆုံး အချိန်ကုန်အသက်သာဆုံးနဲ့ အထိရောက်ဆုံး လူချစ်လူခင်ပေါများစေမယ့်နည်းလေးပါ..
ကျွန်တော့် အကောင့်ကတော့ akmyint.kooo@ဖြစ်ပါတယ်... မရှင်းတာရှိရင် မေးမြန်းနိုင်ပါတယ်ဗျ..
သူငယ်ချင်းများအားလုံး အမြဲထာဝရ ပျော်ရွှင် ချမ်းမြေ့နိုင်ကြပါစေ..
!-kp-3နည်းပညာ-http:>
Tuesday, January 31, 2012
Subscribe to:
Post Comments (Atom)
No comments:
Post a Comment