“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Saturday, August 4, 2012

Internet Explorer (e) ကို ပြန်ဖြုတ်ချချင်ရင်


တစ်ချို့သူတွေ window စတင်တဲ့အချိန်မှာ Internet Explorer ကိုပါ တပါထဲတွဲတင်ရင်း နောက်တော့ အဲ့ဒါ version ကိုမကြိုက်လို့ ဒါမှမဟုတ် အကြောင်းအမျိုးမျိုးကြောင့် ပြန်ဖြုတ်ချချင်တာတွေရှိတတ်ပါတယ်.. အဲ့ဒီအတွက် ဒီပို့စ်လေးကို ရေးသားပေးလိုက်ပါတယ်ဗျ...ဒါပေမယ့် window စတင်တဲ့အချိန်မှာတင်ထားတာမဟုတ်ဘဲ သီးသန့်တင်ထားတာဆိုရင်တော့ ဒီပိုစ့်နဲ့အဆင်ပြေမှာ မဟုတ်ပါဘူး...

window XP အတွက်ကတော့ လွယ်ပါတယ်..Start - Control Panel - Add or remove program - Internet Explorer - remove ဆိုတဲ့ အဆင့်တွေအတိုင်း နှိပ်သွားရုံပါဘဲ..

window 7 သမားတွေအတွက်ကတော့ အောက်ကအတိုင်းလုပ်လိုက်ပါဗျ..
ပထမဆုံး start ကို နှိပ်လိုက်ပါ..(ပုံ-၁)မှာပြထားတဲ့အတိုင်းတွေ့ရမှာဖြစ်ပါတယ်....
 (ပုံ-၁)
 အောက်က ပေါ်လာတဲ့ စာရိုက်ရမယ့်နေရာမှာ uninstall a program ကို ရိုက်ထည့်လိုက်ပါ..(ပုံ-၂)မှာပြထားတဲ့အတိုင်းပေါ်လာမှာဖြစ်ပါတယ်... အဲ့ဒီမှာ ကျွန်တော်ဝိုင်းပြထားတဲ့ uninstall a program ကို Click ပေးလိုက်ပါ..

(ပုံ-၂)
အဲ့ဒါဆို  Programs and Features box ပေါ်လာမှာဖြစ်ပါတယ်..(ပုံ-၃)မှာကြည့်ပါ....အဲ့မှာတော့ ကျွန်တော်  ၀ိုင်းပြထားတဲ့ Turn Windows Features on or off ဆိုတဲ့ စာသားလေးကို Click လိုက်ပါ..
(ပုံ-၃)
အဲ့ဒါဆို(ပုံ-၄)မှာပြထားတဲ့အတိုင်း box လေးပေါ်လာမှာဖြစ်ပါတယ်..အဲ့ဒီမှာ ကျွန်တော် ၀ိုင်းပြထားတဲ့ Internet Explorer ဆိုတာရဲ့ဘေးက အမှန်ခြစ် လေးကို click တစ်ချက်ထောက်ပီး ဖြုတ်လိုက်ပါ..
(ပုံ-၄)
error လေးတစ်ခုတက်လာတာတွေ့ရမှာဖြစ်ပါတယ်..(ပုံ-၅)မှာပြထားတဲ့အတိုင်းပါ..
(ပုံ-၅)
အဲ့ဒါကတော့ Internet Explorer ကို အမှန်တကယ်ဖြုတ်/မဖြုတ်ဆိုတဲ့ အမေး error လေးဘဲဖြစ်ပါတယ်..Yes ပေးလိုက်ပါ..ပီးရင်တော့ OK ပေါ့နော်...ဒါဆိုရင်တော့ ကျွန်တော်တို့ရဲ့ Internet Explorer(e) ကို ဖြုတ်တဲ့အလုပ်က ဒီမှာဘဲပြီးပါပြီဗျာ...


အောင်ကျော်မြင့် (akmyint.kooo@gmail.com)
 http://myooyinlay.blogspot.com/

No comments:

Post a Comment