“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Sunday, August 19, 2012

ချစ်သူစုံတွဲများသတိထား-နမ်းခြင်း၏ ကျန်းမာရေးဆိုးကျိုးများ


နမ်းရှုပ်ခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများ ရရှိလာနိုင်ပေမယ့် နမ်းရှုပ်ခြင်းကြောင့် လူတစ်ဦးမှတစ်ဦး ဗက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးမွှားများ အလွယ်တကူ ကူးစက်နိုင်ပါတယ်။၎င်းတို့မှာ-
(၁)အအေးမိခြင်း-အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းတွင် ရောဂါပိုး ကူးစက်ခံရခြင်းဖြစ်ပါတယ်။ တုပ်ကွေးရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးများနှင့် တိုက်ရိုက်ထိတွေ့မိခြင်းမှ ကူးစက်နိုင်ပါတယ်။
(၂)Glandular Fever-နမ်းရှုပ်ခြင်းရောဂါလို့ ခေါ်ဆိုကြပါတယ်။Epstein-Barr Virus ကြောင့်ဖြစ်ပွားရသော ကူးစက်နိုင်သည့်ရောဂါတစ်မျိုးဖြစ်ပါတယ်။
(၃)ရေယုန်ပိုးကူးစက်ခံရခြင်း-ရေယုန်ဗိုင်းရပ်စ်ပိုးအုပ်စုထဲမှ Epstein-Barr,Varicella Zoster (Chicken pox ကိုဖြစ်စေသည့် ရောဂါပိုး)၊ Herpes Simplex ပိုးတို့ဟာ နမ်းရှုပ်ခြင်းမှတစ်ဆင့် ကူးစက်နိုင်တဲ့ရောဂါပိုးမွှားများဖြစ်ပါတယ်။
(၄)အသည်းရောင်အသားဝါ ဘီပိုး-တံတွေးထဲမှာ ပါဝင်တဲ့ ဘီပိုးပမာဏဟာ သွေးထဲမှာပါဝင်တဲ့ ပမာဏလောက် မများပြားပေမယ့် ရောဂါ ပိုးရှိတဲ့ သွေးသို့မဟုတ် တံတွေးတို့ဖြင့် လူတစ်ယောက်၏ အမြှေးပါးနံရံ(ယခုနေရာတွင် အထူးသဖြင့်ပါးစပ်နှင့် နှာခေါင်းအမြှေးပါးနံရံများ) တိုက်ရိုက်ထိတွေ့မိခြင်းဖြင့် ရောဂါကူးစက်နိုင်ပါတယ်။ ပါးစပ်နှင့် နှုတ်ခမ်းတစ်ဝှိုက်တွင် အနာများဖြစ်ပေါ်နေပါက ကူးစက်နိုင်ခြေပိုမိုများပါ တယ်။

http://www.fusarshinlay.com/profiles/blog/show?id=6384739%3ABlogPost%3A5688425&xgs=1&xg_source=msg_share_post
(၅)ကြွက်နို့-ပါးစပ်အတွင်း ကြွက်နို့များဖြစ်ပေါ်နေပါက နမ်းရှုပ်ခြင်းဖြင့် ကူးစက်နိုင်ပါတယ်။

No comments:

Post a Comment