“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Tuesday, July 17, 2012

သင့်ကျန်းမာရေးအတွက် ဒါတွေသိရဲ့လား

~ချင်း[ဂျင်း]ရဲ့ ဂုဏ်သတ္တိက ဘာပါလဲ~~

       ချင်း[ဂျင်း]စားရင် အစာစားချိန်မှာ ဗိုက်ပြည့်နှုန်းနှစ်ဆ မြန်တဲ့အတွက်
တစ်နှစ်အတွင်း အလေးချိန်၁၂ပေါင်ကျဆင်နိုင်ပါ
တယ်။ချင်း[ဂျင်း]ရဲ့ ရောင်၇မ်းမူ့

လျော့နည်းကျစေတဲ့ ဂုဏ်သတ္တိကြောင့် အဆစ်ရောင် ဝေဒနာခံစားရသူတွေရဲ့
၇၅ရာခိုင်နှုန်းက အဆစ်ရောင်တာ၊ နာတာနဲ့ တောင့်တင်းတာတွေ သက်သာသွား
တယ်လို့ ဆိုပါတယ်။

                  ~~ပင်စိမ်းရွက်ရဲ့ အကျိုးအာနိသင်ကို သိချင်ပါတယ်~~



        ပင်စိမ်းရွက်က ၀က်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေကို ကင်းစေပါတယ်။
ပင်းစိမ်းရွက်ခြောက်မှုန့် ထမင်းစားဇွန်း ၃ဇွန်းကို ဆူပွတ်နေတဲ့ ရေနွေးတစ်ခွက်ထဲကို
ထည့်မွေပြီး အအေးခံပါ။ ပြီးရင် အရွက်တွေကို စစ်ထားပြီး အရေကို စပရေးဖျန်းလို့
ရတဲ့ ပုလင်းထဲ ထည့်ပြီး အရေပြာကိုပက်ဖျန်းပေးပါ။ မျက်နှာသန့်စင်ပြီးတိုင်း မျက်နှာပြင်
အနှံ့ကို ၀ါဂွမ်းစနဲ့ လိမ်းပေးပါ။


                 ~~နံနက်စာကြက်ဥစားခြင်းရဲ့ အကျိုးကျေးဇူးကဘာပါလဲ~~

        နံနက်စာကို ကြက်ဥစားတာက ကောက်နှံကွေကာ စားသုံးတာထက် တစ်နေ့တာ
လုံးအတွက် စွမ်းအင်ပိုမိုပြည့်ဝစေတယ်လို့ လတ်တလော လေ့လာမူ့အရသိရပါတယ်။
ကြက်ဥကြီးတစ်လုံးမှာ ၇၀ ကယ်လိုရီပါဝင်ပြီး၊ ပရိုတင်း ၆ ဂရမ်၊ အဆီ ၅ ဂရမ်နဲ့ ကိုလက်စထရော
 ၁၈၆ ဂရမ်ပါဝင်ပါတယ်။


                 ~~စိတ်ဓါတ်ကျခြင်းကို ဘယ်လိုကာကွယ်မလဲ~~

        ကြက်ရင်ပုံသားနဲ့ ကြက်ဆင်သားတွေ စားခြင်းဖြင့် ကောင်းမွန်တဲ့ အသားဓါတ်နဲ့
ဗီတာမင် B3 တွေပါဝင်ပြီးကောင်းမွန်စွာ အိပ်ပျော်စေကာ စိတ်ဓါတ်ကျခြင်းကို ဖြစ်စေတဲ့
ဟောမုန်းတွေကို ချေဖျက်ပေးနိုင်ပါတယ်။

~~ ကြက်ဥအစိမ်းစားခြင်းကို ဘာကြောင့်ရှောင်သင့်ပါသလဲ~~

          ကြက်ဥအစိမ်းစားတာ ဒါမှမဟုတ်မကျက်တကျက်စားတာတွေကြောင့် အစား
အိမ်တွင်း ဆာမိုနဲလား ဘက်တီးရီးယား ပိုးတွေဝင်ရောက်ပြီး အစာအဆိပ်သင့်ကာ
ပျို့အန်တာနဲ့ ၀မ်းလျှောတာတွေ ဖြစ်တတ်ပါတယ်။

                ~~ကရဝေးရွက် ဆေးဖက်ဝင်ပုံကိုသိချင်ပါတယ်~~

          ကရဝေးရွက်နှစ်ရွက်သုံးရွက်ကို ရေတခွက်ထဲထည့်ပြီး ဆူအောင်ပြုတ်လိုက်ပါ။
ပြီးရင် ၁၅မီနစ်လောက် အအေးခံထားပြးတစ်ခွက်သောက်ရင် ချွေးထွက်စေကာ အဖျား
ကျနိုင်ပါတယ်။ ဒါ့အပြင် ချောင်းဆိုး၊ အအေးမိနဲ့ အသက်ရှုလမ်းကြောင်းပိုးဝင်တာတွေ
သက်သာစေနိုင်ပါတယ်။

               ~~သခွားသီးရဲ့ အကျိုးအာနိသင်က ဘာလဲ~~

            သခွားသီးမှာ ရေဓါတ်ပါဝင်မူ့မြင့်မားတဲ့အတွက် ဆီးသွားစေတဲ့အာနိသင်ရှိတယ်။
ဒါကြောင့် အဆိပ်နဲ့ခန္ဒာကိုယ်ရဲ စွန့်ထွက်ပစ္စည်းတွေကို ထွက်ရှိသွားစေပါတယ်။သခွားသီးကို
ပုံမှန်စားပေးပါက ဆီးကျောက်တည်တာကို ကာကွယ်ပေးပါတယ်။


               ~~ပါးပြင်မို့မို့လေးဖြစ်အောင် ဘယ်လိုလေ့ကျင့်ရပါသလဲ~~

           ပါးစပ်ပိတ်ပြီး ပါးစပ်ထဲမှာလေတွေကို ဖောင်းနေအောင်ငုံထားတဲ့ ပုံစံမျိုးပြုလုပ်
ကာ ၁၀စက္ကန့်လောက်နေပြီးမှ ပြန့်ဖြေလျော့လိုက်တာမျိုး ၁၀ ကြိမ်လုပ်ပေးပါ။ ပြီးရင်
ပါးစပ်ထဲကလေတွေကို ဘယ်ဘက်ပါးထဲမှာ ဖောင်းနေအောင်ထားပြီး ၁၀ စက္ကန့်၊ ညာဘက်
ပါးထဲမှာ ဖောင်းနေအောင်ထားပြီး ၁၀ စက္ကန့် ၁၀ကြမ်စီလုပ်ပါ။



      [17.7.12]နေ့ထုတ် ပြည်မြန်မာဂျာနယ်မှ ဖတ်စေချင်သော စေတနာဖြင့်ကူးယူတင်ပြသည်

1 comment:

  1. ဗဟုသုတ မှတ်သားသွားပါတယ်ဗျာ...:-)

    ReplyDelete