“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Friday, February 24, 2012

အဟာရစာစုများ

>    - *မရေရာတဲ့ ခန့်မှန်းမှုတွေနဲ့ ဘ၀ကို အလောင်းအစား မလုပ်ပါနဲ့ ...
သူငယ်ချင်း ... ။*
>    - *သရက်ပင်ကိုတော့ တစ်ယောက်တည်းစိုက်ပါ ... သရက်သီးကိုတော့ ဝေမျှကျွေးပါ
 သူငယ်ချင်း ... ။*
>    - *ပညာရဲ့တန်ဖိုးကို ထမင်းငတ်မှသာ သိတတ်ကြတော့တယ် ... ။*
>    - *လသာမှ ဗိုင်းငင်မယ်လို့ တွေးမနေနဲ့ ... လူ့ဘ၀ဆိုတာ တခဏ .. လသာသာ မသာသာ
ဗိုင်းငင်ရမှာပဲ ... ။*
>    - *ရိုးသားမှု၊ နိုးကြားမှု၊ ကြိုးစားမှုဆိုတဲ့ ဂုဏ်သိက္ခာ .. ဘာနဲ့မှ
 မလဲနိုင်ဘူး ... သေသည့်တိုင် တန်ဖိုးထားပါ ... ။*
>    - *လူပီသချင်ရင် ရိုးသားဖို့နဲ့ စိတ်ကောင်းရှိဖို့လိုတယ်ဆိုတာကိုတော့  သိထားစေချင်တယ် ... သူငယ်ချင်း ... ။*
>    - *သည်းခံခြင်းဆိုတာ သတ္တိတစ်မျိုးဖြစ်သလို တန်ခိုးရှိခြင်းတစ်မျိုးလည်းဖြစ်တယ် ... ။*
>    - *ဒီလိုဖြစ်ရတာဟာ ဒီလိုနေခဲ့လို့ပါ .. သူ့လိုဖြစ်ချင်ရင်  သူ့လိုကြိုးစားပေါ့ ... ။*
>    - *အသေချာဆုံး ရင်းနှီးမြုပ်နှံမှုဟာ ကိုယ့်ကိုကိုယ် အားကိုးခြင်းပါပဲ ... ။*
>    - *ဒုက္ခဆိုတာ ကိုယ်တိုင်စိုက်ပျိုးထားတဲ့ အပင်ရဲ့ အသီးဖြစ်တယ် ... ။*

>    - *သူငယ်ချင်းရဲ့ စိတ်ထဲမှာ ဒေါသ၊ အမုန်း၊ အာဃာသတွေ ရှိနေရင် မြိုချလိုက်ပါ မကြာခင် ပိန် ပိန် လာလိမ့်မယ် ... ။*
>    - *ကြိုးစားခြင်းဟာ .. ကောက်ရိုးကို ကြိုးဖြစ်စေနိုင်၏..။ တဲအိမ်ကို    နန်းတော်ဖြစ်စေနိုင်၏..။ လူသားကို ဘုရားဖြစ်စေနိုင်၏...။*
>    - ကျောင်းပျက်ခြင်းသည် ဘ၀ပျက်ခြင်း၏ အစ..။
>    - အမှန်တရားသည် လူ့အကြိုက်မလိုက် ... ။
>    - အောင်မြင်ရန် အလုပ်လုပ်ခြင်းမှတစ်ပါး အခြားမရှိ ... ။
>    - အပြောကြီးတာဟာ မလုပ်ချင်တာ၊ မလုပ်နိုင်တာကို ဖုံးကွယ်တဲ့ နည်းတစ်မျိုးပဲ    ... ။
>    - အစားထိုးမရတဲ့ ဆုံးရှုံးမှု နှစ်ခုသာရှိတယ်။ တစ်ခုက မိဘ၊ တစ်ခုက အချိန်ပဲ   .. ။
>    - သာမန်ဘ၀မျိုးထက်သာချင်ရင်တော့ မာန်တင်းပြီး ကြိုးစားကြရမှာပဲ ... ။
>    - နောင်တတရားသည် ညံ့ဖျင်းသူတို့နှင့်သာ သက်ဆိုင်သည် ... ။
>    - ဆင်ခြေပေးတဲ့ ပါးစပ် .. ထမင်း ငတ်တတ်သည် ...။
>    - အချိန်နောက်ကျတတ်သူဟာ ဘ၀မှာ နောက်ကျစမြဲပဲ ...။
>
>
>    - အလှသည် အရက်ထက် ဆိုး၏.. အလှကို ကြည့်မြင်သူရော အလှပိုင်ရှင်ကိုပါ
>    မူးယစ်စေနိုင်သည် ..။

No comments:

Post a Comment