“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Saturday, January 21, 2012

စိုးရိမ်သူ

တစ်ခါက ဦးအောင်စိန်ဆိုသူရှိသည်..
ဦးအောင်စိန်တွင် မယ်မြ၊ မယ်လှ၊ မယ်ခ၊ မယ်စ အမည်ရှိ သမီး(၄)ယောက်ရှိသည်...
သမီးကြီးမယ်မြသည် ထန်းညီနောင်ရွာသားနှင့် အိမ်ထောင်ကျပြီး တစ်နှစ်ခန့်အကြာတွင် သမက်ဖြစ်သူရောက်လာကာ....
“အဘရေ..ညက မယ်မြ၊ အမြွာပူး မွေးတယ်ဗျ”
““ဟေ””
သမီးလတ် မယ်လှမှာ သုံးခွသားနှင့် အိမ်ထောင်ကျသည်...
မယ်လှကလေးမွေးသောအခါ....
“တော့်သမီး သုံးမြွာပူးမွေးသတဲ့တော်”
““ဟေ””
ဦးအောင်စိန်အလွန်အံ့သြမိသည်...
....အင်း..ထန်းညီနောင်သားနဲ့ရတဲ့မယ်မြက နှစ်မြွာပူး..သုံးခွသားနဲ့ရတဲ့မယ်လှက သုံးမြွာပူးတဲ့....
ထို့နောက် သမီးမယ်ခမှာ ညောင်လေးပင်သားနှင့် အိမ်ထောင်ကျသွားသည်...
တစ်နှစ်ကြာသော် သမီးမယ်ခတို့ထံမှ စာရောက်လာလေသည်..
““ဟိုက်.!.မယ်ခ.လေးမြွာပူး မွေးသတဲ့ဗျ..””
ဦးအောင်စိန်သမီးထွေး မယ်ခအတွက် အတွေးခေါင်ပြီး စိုးရိမ်လျှက်ရှိသည်..
.... မဖြစ်ဘူး..မယ်စကို အိမ်ထောင်ချရင်တော့ သေသေချာချာ ရွေးရတော့မှာဘဲ .....
ထိုစဉ် မယ်ခနှင့် ချစ်ခင်စုံမက်လျှက်ရှိသော လူငယ်တစ်ဦး လာရောက်တောင်းရမ်းလေရာ.ဦးအောင်စိန်မှာ စိုးရိမ်တကြီးဖြင့်..
““ ဟေ့ ဟေ့  မင်းက ဘယ်ရွာ ဘယ်နယ်သားလဲကွ၊ ဟေ ””
ထိုအခါ လူငယ်၏စကားကြောင့် ဦးအောင်စိန် ပက်လက်လန် လေတော့သတည်း...
“ကျွန်တော်က သုံးဆယ်သားပါခင်ဗျာ”
“““ အောင်မယ်လေးဗျ ”””

No comments:

Post a Comment